Source from Kelvin A. Power’s Facebook on March 22, 2020
ရိုးရာတော့မပျက်ကြစေနဲ့ပေါ့ဗျာ။
တနိုင်ငံလုံးကိုပြောချင်တာကတော့၊ကမ္ဘာမှာ(COVID-19) ဗိုင်းရပ်စ်ကိုတားဆီးနိုင်ဖို့တစ်ကြောင်းတည်းသောနည်းလမ်းဖြစ်တဲ့ဗိုင်းရပ်စ်ရဲ့(3CL-Pro)အင်ဇိုင်းကိုဖျက်ပြစ်ဆီးပြစ်လို့ပဲရမယ်။ဒီအင်ဇိုင်းကိုဖျက်ဆီးဖို့(SARS COV)ဖြစ်ပြီးချိန်မှာ၊သိပ္ပံပညာရှင်တွေဟာဓါတုဗေဒဆေးဝါးအမျိုးအစားဓါတ်ပေါင်းတွေ(720)ကျော်အောင်စမ်းသပ်ပြီးသုတေသနတွေလဲလုပ်ခဲ့ပါတယ်။ဓါတုဗေဒဆေးတစ်ခုမှအဲဒီအင်ဇိုင်းကိုအောင်မြင်အောင်မဖျက်ဆီးနိုင်ခဲ့ပါဘူး။
—
နောက်ဆုံးသဘာဝကပေးတဲ့အပင်ထွက်ပစ္စည်းတွေမှာရှာတော့(Bioflavonoids)အမျိုးပေါင်းရာနဲ့ချီထဲက(၄)မျိုးကိုတွေ့ရပါတယ်။
(၁)Theaflavin-3,3′- digallate(TF3)(မြန်မာလက်ဖက်)
(၂)Herbacetin
(၃)Pectolinarin
(၄)Rhiofolin
ဆိုတဲ့ဓါတ်ပေါင်း(၄)မျိုးက(COVID-19)ရဲ့(3CL-Pro)အင်ဇိုင်းကိုကောင်းကောင်းဖျက်ဆီးပြစ်နိုင်ပါတယ်။
—
နောက်တစ်ခုပြောချင်တာက၊အရင်းရှင်တွေဆိုတာဘယ်သူသေသေ၊ငတေမာရင်ပြီးရောဆိုတဲ့အတိုင်းကိုယ်အကျိုးမရှိဘူး၊အမြတ်အစွန်းမရနိုင်ဘူး၊မိခင်သဘာဝကနေလူတိုင်းရနိုင်တဲ့ဓါတ်ပေါင်းဖြစ်နေလို့၊၊တစ်ဦးတည်းမူူပိုင်ခွင့်မရနိုင်ဘူးဆိုရင်၊ဘယ်လောက်ကောင်းကောင်းအဲဒီဓါတ်ပေါင်းတွေကနေဘယ်တော့မှဆေးထုတ်ဖို့မကျိုးစားကြတော့ဘူး။ကိုယ့်အကျိုးအမြတ်မရနိုင်တဲ့သဘာဝပစ္စည်းဆိုရင်အသာလေးဖုံးဖိထားလိုက်ကြတယ်။ရှင်းရှင်းပြောရရင်အရင်းရှင်ဆိုတာအသက်ကယ်ဖို့ပရဟိတလုပ်ငန်းတွေလုပ်နေတာမဟုတ်ပဲ။ငွေများများရဖို့နဲ့ခေါင်းပုံဖြတ်ဖို့ပဲလုပ်နေကြတာပါ။
—
ကမ္ဘာမှာ(COVID-19)ကိုသတ်နိုင်ဖို့တစ်ကြောင်းတည်းသောနည်းလမ်းဖြစ်တဲ့(3CLPro)အင်ဇိုင်းကိုဖျက်ဆီးပြစ်နိုင်တာဟာအထက်မှာဖေါ်ပြထားတဲ့ဓါတ်ပေါင်းလေးမျိုးပဲရှိပါတယ်။တခြားဘယ်ဓါတုဗေဒအနောက်တိုင်းဆေးကမှ(3CLPro)အင်ဇိုင်းကိုမဖျက်ဆီးပြစ်နိုင်ပါဘူး။ဒီဓါတ်ပေါင်းတွေလေးမျိုးကိုဘယ်မှာအများဆုံးတွေ့နိုင်တယ်လို့ခင်ဗျားတို့ထင်ပါသလဲ?
—
အဲဒီဓါတ်ပေါင်းလေးမျိုးတွေဘယ်မှာပါနေသလဲဆိုတော့။
—
(၁)(TF3)ခေါ်(Theaflavin-3,3′-digallate)တစ်မျိုးကမြန်မာလက်ဖက်ထဲမှာပဲပါတယ်။တရုတ်(Olong Tea)၊ထိုင်း(Jasmine Tea)၊ဂျပန်(Green Tea)တွေမှာလုံးဝမပါဝင်ပါ။မြန်မာစစ်စစ်နှပ်ထားတဲ့လဖက်စို၊လဖက်ခါး၊နဲ့လက်ဖက်ခြောက်တွေမှာပဲပါနေပါတယ်။မြန်မာ၊မစစ်ပဲတခြားနိုင်ငံကလာတဲ့လက်ဖက်ဆိုရင်လုံးဝကိုမပါပါဘူး။(Fermented Black Tea)ဖြစ်ရပါမယ်။
—
ရိုးရိုးနိုင်ငံခြားကလာတဲ့(Black Tea, Green Tea, Jasmine Tea)တွေမရဘူး။လက်ဖက်ချာဉ်မရဘူး။မြန်မာလက်ဖက်စစ်ရမယ်။မြန်မာပြည်က၊လုပ်တဲ့လူကလက်ဖက်သန့်တာ၊မသန့်တာ၊ဆေးဆိုးတာ၊မဆိုးတာတော့ကျွန်တော်နဲ့မဆိုင်ဘူး။
—
(၂)နောက်တမျိုး(Herbacetin)ကနှမ်းကြပ်စေ့ခေါ်(Flax Seed)မှာအများဆုံးပါပါတယ်။
—
(၃) နောက်တမျိုး(Pectolinarin)ကပုံမှာပြထားတဲ့မြန်မာနိုင်ငံလမ်းဘေးမှာပေါက်တဲ့၊ဝတ်ရည်စုတ်ရင်ချိုပြီး၊အသီးအနက်၊အလုံးအသေးလေးတွေသီးတဲ့ခြုံပင်တစ်မျိုးမှာပါတယ်။
—
(၄)နောက်ဆုံးတစ်မျိုး(Rhiofolin)က(Citrus Bioflavonoids)တွေမှာပါတယ်။(Citrus Bioflavonoids)ဆိုတာ(Citrus Peel)လိမ္မော်ခွံတွေ၊သံပုရာခွံတွေမှာပါတယ်။(Bio Zinc C)မှာလဲနည်းနည်းပါတယ်။
—
ဒီသဘာဝဓါတ်ပေါင်းလေးမျိုးကလွဲလို့(COVID-19)ကိုအဆုတ်ထဲမှာတားဆီးနိုင်တဲ့တခြားဓါတ်ပေါင်းတွေဆိုတာကမ္ဘာပေါ်မှာလုံးဝမရှိသေးပါဘူး။
—
မယုံဘူးလား?။မယုံလဲရတယ်။ကိုယ်ဖြစ်ကိုယ်ခံပဲ။သေရင်မယုံတဲ့လူအရင်သေမှာ။
ပညာရှင်ဆိုတာဘယ်တော့မှညာမပြောဘူး၊ရမ်းလဲမပြောဘူး။
သုတေသနတိတိကျကျခိုင်ခိုင်မာမာ(Links)နှစ်ခုပေးထားတယ်။မယုံရင်ကိုယ်တိုင်စာသေချာဖတ်ကြည့်လိုက်ပါ။
—
အောက်ကသုသတသနတွေကိုသေချာဖတ်ကြပါ။စာဖတ်ကြပါ။နိုင်ငံခြားဆေးပညာတွေ၊ဓါတုဗေဒဆေးတွေကိုပဲစွတ်အထင်ကြီးပြီး၊မိခင်သဘာဝပစ္စည်းတွေကိုအထင်မကြီးကြတဲ့၊ကိုယ့်မြန်မာ့ရိုးရာဓလေ့ကိုတန်ဖိုးမထားကြတဲ့လူတွေဆဲချင်ရင်၊ငြင်းချင်ရင်၊အောက်ကသုတေသနနှစ်ခုကိုသေချာကြေညက်အောင်ဖတ်ထားပြီးမှလာငြင်းကြ၊ဆဲကြပါ။မဟုတ်ရင်အရှက်ကောင်းကောင်းကွဲသွားမယ်။
—
ကျွန်တော့်ကိုအမြဲလာဆဲနေကြတဲ့သူတွေကောင်းကာင်းသိထားရမှာက၊အနောက်တိုင်းဓါတုဗေဒဆေးတွေဆိုတာအရေးပေါ်မှာအသက်မကယ်နိုင်ပါဘူး။အသက်ကယ်နိုင်တာကမိခင်သဘာဝပစ္စည်းနဲ့၊ရွှေထက်တန်ဖိုးရှိတဲ့မြန်မာတို့ရဲ့ရိုးရာဘိုးဖွားအမွေအနစ်ပါပဲ။အမေကျော်ပြီးပထွေးမလွမ်းချင်ကြစမ်းပါနှင့်။စာသေချာဖတ်ကြပါ။
—
ရိုးရာတော့မပျက်ကြစေနဲ့ပေါ့ဗျာ။
Kelvin Albert Power
–
References:
အောက်ကသုသေသနမှာပါတဲ့(Fermented Black Tea)ဆိုတာမြန်မာလဖက်အစို၊အခါး၊အခါးခြောက်၊အချိုခြောက်ကိုပြောတာ။(Black Tea, Green Tea, Jasmine Tea)တွေမှာမပါပါဘူး။ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှာမှမရှိသေးဘူး။ရှင်းပါတယ်နော်။အောက်မှာဖတ်ကြည့်လိုက်ပါ။
Inhibition of SARS-CoV 3C-like Protease Activity by Theaflavin-3,3′- digallate (TF3)
—
Inhibition of SARS-CoV 3CL protease by flavonoids