Source from Kelvin A. Power’s Facebook on January 13, 2021
ကျွန်တော့်(Family)အားလုံးမင်္ဂလာပါ။အခုတလောကျွန်တော်အရေးကြီးတဲ့သုတေသနတွေနဲ့တော်တော်လေးကိုအလုပ်ရှုပ်နေလို့(Post)တွေမရေးဖြစ်တာပါ။
—
ကမ္ဘာမှာအသေအပျောက်အများဆုံးကနှလုံးရောဂါနှင့်လေဖြတ်တဲ့ရောဂါပါပဲ။ကင်ဆာရောဂါလဲအသေအပျောက်ရှိပါတယ်။ဒါပေမယ့်အဆိုပါနှစ်ခုကိုတော့မမှီပါဘူး။
—
ဒါကြောင့်အဆိုပါရောဂါနှစ်မျိုးဟာဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ရတယ်။ဘယ်လိုကာကွယ်၊ကုသရမယ်ဆိုတာကိုသေချာနားလည်သဘောပေါက်ပြီးလက်တွေ့အသုံးချနိုင်အောင်သုတေသနတွေနဲ့အလုပ်ရှုပ်နေရလို့လိုင်းပေါ်မတက်ဖြစ်တာပါ။
—
အရင်တုံးကတော့လူတွေဟာနှလုံးရောဂါနှင့်လေဖြတ်တဲ့ရောဂါကို(LDL Cholesterol)ကြောင့်လို့အထင်မှားပြီး(Statin)တွေပေးပြီးကုသခဲ့ကြပါတယ်။ဒါပေမယ့်အဲဒီလိုကုလေလေ၊အသေအပျောက်တွေလျှော့နည်းမသွားပဲပိုပြီးတိုးများလာလေပါပဲ။
—
အခုနောက်ဆုံးတွေ့ရှိလာတာကတော့၊ကမ္ဘာပေါ်မှာလူတွေအများဆုံးသေနေကြတဲ့နှလုံးရောဂါနှင့်လေဖြတ်တဲ့ရောဂါဟာ(LDL)ကြောက့်မဟုတ်တော့ပဲ၊အောက်ပါအချက်(၅)ချက်ကြောင့်ဖြစ်နေပါတော့တယ်။
—
(1) Oxidized LDL=ox-LDL
(2) Glycated LDL=gL-LDL
(3) Lipoprotein(a)=Lp(a)
(4) Triglyceride Rich Remnant Cholesterol
(5) Homocysteine
—
အထက်ပါအကြောင်းတရား(၅)မျိုးကြောင့်လူတွေအများဆုံးနှလုံးရောဂါ(သို့)လေဖြတ်တဲ့ရောဂါနဲ့သေကြရတာဖြစ်နေလို့၊အဲဒီလိုမဖြစ်ရအောင်ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အဖြေကိုအထူးသိရှိဖို့လိုအပ်နေပါတယ်။
—
တိုတိုနဲ့လိုရင်းပြောရရင်၊လူတိုင်းငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်ကြဘူး။အသက်ရှည်ရှည်နေချင်တယ်ဆိုရင်အထက်ပါအကျိုးတရား(၅)ခုကိုမဖြစ်ပေါ်စေနိုင်ဖို့အတွက်၊အကျိုးတရားတွေကိုဖြစ်ပေါ်စေရတဲ့အကြောင်းတရားတွေကိုသေချာသိရှိနားလည်ပြီးတားဆီးပြစ်နိုင်ဖို့အထူးလိုအပ်လာပါတယ်။
—
ဒီအချက်(၅)ချက်မဖြစ်ပေါ်အောင်ဘယ်လိုနေထိုင်စားသောက်ရမယ်။ဘယ်လိုသဘာဝဖြည့်စွက်စာ၊ဆေးတွေတီထွင်ထုတ်လုပ်ရမယ်ဆိုတာကိုသေသေချာချာ၊အသေးစိတ်သုတေသနတွေလုပ်နေရတာနဲ့ကျွန်တော်လုံးဝမအားလပ်လို့(Post)အသစ်တွေမရေးဖြစ်တာပါ။အလကားထိုင်နေတာတော့မဟုတ်ပါဘူး။အလုပ်ကျိုးစားလုပ်နေပါတယ်။
—
မကြာခင်မှာအဲဒီအကြောင်းတရားတွေဘာကြောင့်ဖြစ်ရတယ်။မဖြစ်အောင်ဘယ်လိုတားဆီးလို့ရနိုင်တယ်။ဘယ်လိုသဘာဝဆေးတွေဖေါ်စပ်ထုတ်လုပ်ပေးမယ်ဆိုတာကိုအသေးစိတ်ရေးပေးပါဦးမယ်။အခုတော့သုတေသနပေါင်းများစွာနဲ့(လုံးဝ)ကိုမအားသေးလို့စာရှည်ရှည်မရေးနိုင်တာကိုနားလည်ခွင့်လွတ်ပေးကြပါ။
—
အားလုံးကိုစာတိုကလေးနဲ့လာပြီးနုတ်ဆက်တာပါ။ကျွန်တော် ကျန်းကျန်းမာမာနဲ့ရှိနေပါတယ်။အလုပ်တွေအလွန်များနေလို့လိုင်းပေါ်မတက်ဖြစ်တာကိုလာပြောတာပါ။မကြာခင်မှာထူးခြားပြီးအစွမ်းအလွန်ထက်မြက်တဲ့သဘာဝဖြည့်စွတ်စာဆေးအသစ်တွေလဲထပ်ပြီးထုတ်လုပ်ပေးနိုင်မှာပါ။
—
အဲဒါလာပြောတာပါ၊အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power