(ကင်ဆာ)ရောဂါနဲ့ဖြည့်စွတ်စာ

Source from Kelvin A. Power’s Facebook on November 3, 2020
ဆရာဘယ်သူဘယ်ဝါကတော့(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီ။အဲဒါဘာဖြည့်စွတ်စာသောက်သင့်ပါသလဲ?။လို့လာလာပြီးမေးကြတဲ့လူတွေအလွန်များနေပါတယ်။
ဒီခေတ်မှာလူတိုင်းစားသောက်နေကြတဲ့အစားအသောက်တွေကမသန့်ရှင်းမှု့၊သဘာဝမကျုမှု့၊ဓါတ်မြေသြဇာနဲ့ပိုးသတ်ဆေးတွေသုံးစွဲမှု့၊(GMO)မျိုးရိုးဗီဇပြောင်းလဲထားသောအသီးအနှံများသုံးစွဲမှု့၊(BPA)ပါဝင်ပစ္စည်းများသုံးစွဲမှု့၊ပုံမှန်ဟော်မုန်းဓါတ်ကိုပျက်စီးစေတဲ့ပစ္စည်းများသုံးစွဲမှု့၊အင်ဂျင်၊စက်ဆီမှထွက်သောမီးခိုးများထိတွေ့ွဲမှု့၊အနုမြူရောင်ခြည်နှင့်ဓါတ်မှန်များအဆိပ်သင့်မှု့၊အိုဇုန်းအလွာပေါက်ပြဲမှု့၊လေယျဉ်စီးခရီးသွားရင်ဓါတ်ရောင်ခြည်သင့်မှု့၊ဆရာဝန်များပေးသောကင်ဆာဖြစ်နိုင်သည့်ဓါတုဗေဒဆေးဝါးများနှင့်၊ဟော်မုန်းဆေးများအလွန်အကျွံသုံးစွဲမှု့၊စတဲ့ကင်ဆာဖြစ်စေတတ်တဲ့ဓါတုဗေဒပစ္စည်းတွေအလွန်ကိုများလာတဲ့ခေတ်ဖြစ်နေလို့၊လူတိုင်းလိုလိုကင်ဆာရောဂါဖြစ်နိုင်တဲ့အခြေအနေအလွန်များပါတယ်။အခုမဖြစ်ဘူးဆိုရင်တောင်၊နောင်တချိန်မှာကင်ဆာရောဂါဆိုတာမပြောမဆိုသတိမထားမိလိုက်ချိန်မှာတိတ်တဆိတ်ကလေးဖြစ်ပေါ်လာနိုင်တာပါပဲ။
ကင်ဆာရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအတွက်အသက်လုနေရပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်လဲဘာမှမတတ်နိုင်သလို၊သိကြားမင်းလဲဆင်းကယ်နိုင်တော့မှာမဟုတ်တော့ပါဘူး။ဆေးပညာမှာအတော်ဆုံးဆရာဇီဝကကိုခေါ်ကုခိုင်းရင်လဲဆရာဇီဝကက(အလာကောင်းပေမယ့်အခါနှောင်းခဲ့ပြီလို့)မှတ်ချက်ပေးခံရပါလိမ့်မယ်။
အဲဒီအချိန်ကြမှဘာဖြည့်စွက်စာတိုက်သင့်သလဲလို့မေးတာဟာဖြည့်စွက်စာရဲ့သဘောသဘာဝကိုသေချာနားမလည်လို့ဖြစ်ပါတယ်။ဖြည့်စွက်စာဆိုတာအရေးပေါ်သေရေးရှင်ရေးအခြေအနေကြမှစပြီးသောက်ရတဲ့၊အရေးပေါ်အသက်ကယ်ဆေးမဟုတ်ပါဘူး။သကြားမင်းပေးတဲ့(ဥုံဖွ)ဆေးလဲမဟုတ်ပါဘူး။ဖြည့်စွက်စာဆိုတာ၊မိမိခန္ဓာကိုယ်ကျန်းမာနေအောင်၊ကင်ဆာအပါအဝင်အမျိုးမျိုးသောနာတာရှည်ရောဂါတွေမဖြစ်အောင်ကြိုတင်ကာကွယ်ပေးနိုင်တဲ့မိခင်သဘာဝကရရှိတဲ့အာဟာရနဲ့သြဇာဓါတ်ပေါင်းတွေဖြစ်ပါတယ်။
အာဟာရသို့မဟုတ်ရောဂါကာကွယ်ပေးတဲ့ဓါတ်ပေါင်းတွေကိုရောဂါမဖြစ်ခင်သုံးစွဲတာအကောင်းဆုံးပါပဲ။ရောဂါဖြစ်လာပြီးမှသုံးစွဲပြီဆိုရင်ပျောက်ဖို့မျှော်လင့်ချက်နည်းလာပါတယ်။မပျောက်နိုင်တော့ဘူးလို့တော့တထစ်ချမဆိုလိုပါဘူး။ဒါပေမယ့်အပ်ကလေးနဲ့ထွင်လို့ရမဲ့ဆူးကို၊နောက်ကျသွားလို့ပုဆိန်နဲ့ပေါက်ထုတ်ရသလိုဖြစ်သွားပါမယ်။ရောဂါဖြစ်လာရုံတင်မကပဲ၊ရောဂါကျွမ်းပြီးသေရေးရှင်ရေးအသက်လုရမယ့်အချိန်ကြမှာဘာဖြည့်စွက်စာသောက်ရမလဲလို့လာမေးမယ်ဆိုရင်တော့၊အဲဒီလူကိုဘာမှထိထိမိမိလုပ်မပေးနိုင်တော့ပါဘူး။
အဲဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ရောဂါဆိုးတွေနှိပ်စက်ပြီးသေရတဲ့တရားခံဆိုတာရောဂါအပြစ်တော့မဟုတ်ပါဘူး။မိမိရဲ့အပြစ်ပါပဲ။ဘာကြောင့်ဒီလိုသေရသလဲဆိုတော့ကျန်းမာရေးဗဟုသုတနည်းလို့ပါပဲ။ဘာကြောင့်ကျန်းမာရေးဗဟုသုတနည်းရသလဲဆိုတော့၊စာမဖတ်လို့ပါပဲ။ဘာကြောင့်စာမဖတ်ခဲ့သလဲဆိုတော့ကိုယ့်ကိုယ်ကိုရောဂါဆိုးနဲ့စောစောစီးစီးသေရမယ်လို့လုံးဝထင်မထားခဲ့မိလို့ပါပဲ။ရောဂါဆိုတာမိမိခန္ဓာကိုယ်ထဲကိုခွင့်တောင်းပြီးမိမိဝင်ခွင့်ပြုတော့မှဝင်လာတဲ့အရာမဟုတ်ပါဘူး။သေမင်းဆိုတာကလဲဘယ်တော့မှရက်ချိန်းကြိုတင်ပေးပြီးခေါ်သွားတာမဟုတ်ပါဘူး။ကိုယ်ကအသိစောရင်အသက်ရှည်ရောဂါကင်းနိုင်သလို၊အသိတစ်ရက်ကလေးနောက်ကျသွားရင်လဲရောဂါဆိုးနဲ့သေနိုင်တာပါပဲ။
အဆိုးဆုံးအချက်ကကိုယ့်ကိုယ်ကိုအားမကိုး၊ကိုယ့်ရဲ့ကျန်းမာရေးလေ့လာမှု့ဗဟုသုတကိုအားမကိုးပဲဆရာဝန်တွေကိုသာရာနှုန်းပြည့်အားကိုးမိတဲ့အမှားတွေကြောင့်ပါပဲ။ဆရာဝန်တွေ၊ဆေးရုံဆေးခန်းတွေဆိုတာအသုံးမကျဘူးလို့မဆိုလိုပါဘူး။အထိုက်အလျှောက်တော့အကူအညီရနိုင်ပါတယ်။ဒါပေမယ့်ဒီလူတွေဆီမှာမသေဆေးမရှိပါဘူး။အသက်ရှည်ဆေးလဲမရှိဘူး။ကင်ဆာပျောက်ဆေးလဲမရှိဘူး။ဒီလူတွေမှာမသေဆေးတွေ၊အသက်ရှည်ဆေးတွေ၊ရောဂါပျောက်ဆေးတွေတစ်ကယ်ရှိနေမယ်ဆိုရင်၊ဒီလူတွေဟာလောကကြီးမှာအသက်အရှည်ဆုံးအနာအမဲ့ဆုံးလူတန်းစားတွေဖြစ်နေမှာပေါ့။ဒီလူတွေတော်တော်နဲ့ဘယ်သေကြတော့မှာလဲ။
လက်တွေ့မှာကြတော့နှလုံးအထူးကုဆရာဝန်ကြီးကနှလုံးရောဂါနဲ့သေတယ်။ကင်ဆာအထူးကုဆရာဝန်ကြီးကကင်ဆာရောဂါနဲ့သေတယ်။အဲဒါတွေအားလုံးဟာဒီခေတ်ဆေးပညာရဲ့မပြည့်စုံမှု့ပဲ။မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုပြန်ကြည့်ပါ။ကျန်းမာနေဖို့၊ရောဂါကင်းနေဖို့၊ဆိုတာ(ကံ၊စိတ်၊ဥတု၊အဟာရ)အကြောင်းတရားလေးပါးအပေါ်မှာအခြေခံတယ်ဆိုတာမဟုတ်ဘူးလား။
ဒီခေတ်ဆေးပညာကိုပြန်လေ့လာကြည့်လိုက်ပါ(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးမျိုးကိုထည့်သွင်းစဉ်းစားတဲ့ကုထုံးမျိုးပါသလား?။လုံးဝမပါပါဘူး။အားလုံးကအရင်းရှင်ဆေးကုမ္မဏီကြီးတွေညွန်ကြားထားတဲ့အတိုင်းပဲစီးပွားဖြစ်ကုနေရတာပါ။ဆရာဝန်တွေကိုအပြစ်ဆိုတာမဟုတ်ပါဘူး။ဒီအရှင်းရှင်စနစ်ဆေးပညာကိုကဆရာဝန်တွေကိုယ်တိုင်ကအရင်းရှင်တွေညွန်ကြားထားတဲ့အတိုင်းလိုက်လုပ်နေရတာပါပဲ။
နှလုံးအထူးကုဆရာဝန်ကနှလုံးရောဂါနဲ့သေတယ်။ဘာကြောင့်သေသလဲဆိုတော့၊နှလုံးထဲမှာရှိတဲ့ကြွက်သားတွေ၊သွေးကြောတွေ၊အင်ဇိုင်းတွေ၊ဆဲလ်တွေကဒါဟာနှလုံးရောဂါကုဆရာဝန်ကြီးရဲ့နှလုံးပါလား၊ဆရာဝန်ကြီးရဲ့ဂုဏ်သိက္ခာကိုထောက်ပြီးတော့နှလုံးရောဂါမဖြစ်သင့်ဘူးလို့သူမသိဘူး။ဘယ်သူ၊ဘာကောင်ကြီးဖြစ်နေပါစေ၊နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတဲ့အဟာရဓါတ်အလုံအလာက်မရရင်ရောဂါဖြစ်မှာပါပဲ။
ကင်ဆာအထူးကုဆရာဝန်ကလဲကင်ဆာရောဂါနဲ့သေတယ်။ဘာကြောင့်သေလဲဆိုတော့၊ကင်ဆာရောဂါအထူးကုကြီးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆဲလ်တွေကအထူးကုကြီးကိုယ်တိုင်ဖြစ်နေလို့ကင်ဆာမဖြစ်သင့်ဘူးလို့နားမလည်ကြဘူး။ကင်ဆာမဖြစ်အောင်တားဆီးနိုင်တဲ့အဟာရတွေဖြစ်တဲ့(Antioxidants)တွေအလုံအလောက်မရရင်ကင်ဆာဖြစ်မှာပါပဲ။
ခက်တာကဒီခေတ်ဆရာဝန်ကြီးတွေကိုယ်တိုင်က၊ဒီခေတ်ဆေးပညာကိုအကြွင်းမဲ့ယုံကြည်ထားကြတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုတစ်ခါကလေးမှဆေးကုရာမှာထည့်မစဉ်းစားမိခဲ့ကြဘူး။ဒါကြောင့်(Functional Medicine)ဆိုတာပေါ်လာရတာပါ။(Functional Medicine)ဆိုတာအရင်းရှင်ဆေးကုမ္မဏီကြီးတွေရဲ့နည်းလမ်းတွေကိုအခြေမခံပဲ၊မြတ်စွာဘုရားဟောကြားခဲ့တဲ့(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုအခြေခံပါတယ်။
ကံနဲ့ဥတုဆိုတာကတော့အနည်းငယ်လေးပြုပြင်ရခက်ပါတယ်။ပြုပြင်လို့မရဘူးလို့တော့မဆိုလိုပါဘူး၊အထိုက်အလျှောက်တော့ပြုပြင်စီမံနိုင်တာပါပဲ။ရာနှုန်းပြည့်ပြုပြင်ဖို့မလွယ်ဘူးလို့ဆိုချင်တာပါ။သို့သော်(စိတ်နှင့်အဟာရ)ဆိုတာကိုတော့မိမိရာနှုန်းပြည့်ပြုပြင်ထိန်းသိမ်းလို့ရတယ်။ဒီလိုပြုပြင်ဖို့ကအကြောင်းအကျိုးသိဖို့နဲ့ဗဟုသုတရှိဖို့လိုအပ်ပါတယ်။အကြောင်းအကျိုးကိုမသိ၊ဗဟုသုတမရှိရင်ပြုပြင်လို့မရနိုင်ဘူး။ဒါကြောင့်ကျွန်တော်ကျန်းမာရေးဗဟုသုတတွေကိုလူတိုင်းနားမလည်၊လည်အောင်ဥပမာတွေအမျိုးမျိုးပေးပြီးအရှည်ကြီးအမုန်းခံရေးပေးနေရတာပါ။
အထူးကုဆရာဝန်ကြီးပဲဖြစ်ဖြစ်၊ပါရဂူကြီးပဲဖြစ်ဖြစ်၊(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုထည့်မစဉ်းစားပဲအရင်းရှင်ဆေးပညာကိုသာအားကိုးတကြီးနဲ့လမ်းဆုံးနေဦးမယ်ဆိုရင်တော့၊အဲဒီလူဟာအရမ်းသနားစရာကောင်းပါတယ်။သေခါနီးကြမှနောင်တအကြီးအကျယ်ရပါလိမ့်မယ်။အဲဒီအချိန်မှာဘယ်သူမှမကယ်နိုင်တော့ဘူး၊နောက်ကျသွားပါပြီ၊အသက်ငယ်ငယ်နဲ့သေသွားတဲ့ဆရာဝန်တွေအများကြီးရှိပါတယ်။
အရင်းရှင်ဆေးပညာကိုသာအားကိုးပြီး(ကံ၊စိတ်၊ဥတု၊အဟာရ)ဆိုတဲ့အကြောင်းတရားလေးပါးကိုထည့်မစဉ်းစားဘူးဆိုရင်သူကိုယ်တိုင်ဆိုးကျိုးအရင်ခံစားရမယ်။ပြီးရင်သူ့မိသားစုအရင်ခံစားရမယ်။နောက်တော့သူ့လူနာတွေခံစားကြရဦးမယ်။ဒီခေတ်ဆေးပညာသာပြီးပြည့်စုံမယ်ဆိုရင်ဆရာဝန်တွေရောဂါမဖြစ်ကြတော့ဘူး၊သေလဲမသေကြတော့ဘူး။လူတစ်ယောက်ဟာမိမိကိုယ်ကိုယ်ကျန်းမာအောင်မစောင့်ရှောက်နိုင်ဘူးဆိုရင်၊သူများကိုစောင့်ရှောက်ပေးနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။ကိုယ်ကကျန်းမာလိုက်တာမှဘော်လုံးထကန်လို့ရတယ်၊ဘာဆေးမှမသောက်ရဘူး။ကိုယ်သွားပြတဲ့ဆရာဝန်ကကိုယ့်ထက်လဲငယ်တယ်။သူကိုယ်တိုင်ကနှလုံး၊သွေးတိုးဆီးချိုဆေးတွေသောက်နေရတယ်ဆိုရင်တော့ဆရာတင်မိတာမှားပြီ။
ဆရာဝန်ဆိုတာမိမိကျန်းမာရေးအတွက်အရှင်သခင်မဟုတ်ဘူး။မိမိသာလျှင်မိမိကျန်းမာရေးအတွက်အရှင်သခင်ဖြစ်ပါတယ်။ဆရာဝန်တွေအသုံးမဝင်ဘူးလို့တော့မဆိုလိုပါဘူး။အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ဥပမာပြောရရင်မိမိခရီးသွားရင်းလမ်းမှာကားပျက်တယ်၊ကားအင်ဂျင်စက်ထိုးရပ်သွားတယ်ဆိုပါစို့။ကားအင်ဂျင်စက်ပြန်နှိုးနိုင်ဖို့ဝိုင်းတွန်းပေးဖို့လူတွေလိုအပ်လာတယ်။တစ်ယောက်ကရှေ့ကနေကြိုးနဲ့ဆွဲမယ်။တစ်ယောက်ကနောက်ကနေတွန်းမယ်။နှစ်ယောက်ကဘေးတစ်ဖက်စီကနေဝိုင်းတွန်းကြမယ်ပေါ့။ဒီလိုအားစိုက်ပြီးတွန်းလိုက်ရင်စက်ရပ်သွားတဲ့အင်ဂျင်ပြန်နိုးလာပြီးခဏတဖြုတ်ခရီးဆက်သွားလို့ရနိုင်ပါတယ်။
လမ်းမှာနောက်တခေါက်ကားပျက်ပြန်တော့လဲဝိုင်းတွန်းပေးမဲ့လူတွေထပ်ရှာရတာပေါ့။အဲဒီလိုပျက်လိုက်၊တွန်းနိုးလိုက်၊ခရီးတိုဆက်သွားလိုက်နဲ့အကြိမ်ကြိမ်ပျက်နေပြီး၊နောက်ဆုံးကြတော့တွန်းနိုးလို့ပါမရတော့ပါဘူး။အပြီးတိုင်ပျက်ပါလေရော။ဒါကြောင့်အသည်းအသန်ဖြစ်နေတဲ့လူနာတစ်ယောက်နားမှာဆရာဝန်တွေ၊အထူးကုတွေ၊ဝိုင်းပြီးအသက်လုကျိုးစားကုပေးနေတာကိုမြင်ရင်ကျွန်တော်ကတော့ကားပျက်ကြီးကိုလူတစ်စုဝိုင်းပြီးတွန်းနိုးပေးနေကြတယ်လို့ပဲထင်မြင်မိပါတယ်။ဘာကြောင့်များဒီကားပိုင်ရှင်ဟာနဂိုကတည်းကဒီကားမပျက်အောင်၊ကြိုတင်မစီမံမိခဲ့ပါသလဲလို့လဲတွေးပြီးသနားမိပါတယ်။
ကားပိုင်ရှင်ဟာမိမိကားကိုနဂိုကတည်းကလမ်းမှာမပျက်အောင်သေချာကြိုတင်စီမံပြုပြင်ထားမယ်ဆိုရင်၊အင်ဂျင်ကောင်းနေအောင်ကြိုတင်ထိန်းသိမ်းစောင့်ရှောက်ထားမယ်ဆိုရင်၊ခရီးသွားရင်းလမ်းမှာကားပျက်စရာအကြောင်းလုံးဝမရှိပါဘူး။ကားပျက်စရာအကြောင်းမရှိရင်ကားဝိုင်းတွန်းပေးမယ့်လူတွေလဲရှာစရာမလိုတော့ပါဘူး။
ဒါကြောင့်ဆရာဝန်အသုံးမဝင်ဘူးလို့ကျွန်တော်မပြောပါဘူး။အသုံးဝင်ပါတယ်။ဆရာဝန်တွေဆိုတာမိမိလမ်းမှာကားပျက်လို့ကားဝင်တွန်းပေးတဲ့သဘောလောက်ပဲကူညီနိုင်တာပါ။ကားမပျက်အောင်ကြိုတင်ပြီးစီမံဆောင်ရွက်ထားရမှာကဆရာဝန်တွေရဲ့တာဝန်မဟုတ်ပါဘူး။မိမိရဲ့တာဝန်သာလျှင်ဖြစ်ပါတယ်။ဖြစ်လာမှကားတွန်းခိုင်းမယ်ဆိုရင်တော့၊လုပ်အားပေး(Free)ခေါ်တွန်းခိုင်းလို့တော့မရနိုင်ပါဘူး။လုပ်အားခအလွန်ဈေးကြီးနေပါပြီ။ကားမပျက်ခင်ကတည်းကကြိုတင်ပြုပြင်ထိန်းသိမ်းရတာကပိုပြီးဈေးသက်သာပါတယ်။
အခုလဲ(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတော့မှဆရာရေဘာဖြည့်စွက်စာတိုက်ရမလဲတဲ့၊နဂိုကအင်ဂျင်ဝိုင်မထည့်ပဲ၊အင်ဂျင်တစ်ခုလုံးအတွင်းမှာပင်နံရံတွေအစိတ်စိတ်ကြေမွအရည်ပျော်ကြသွားတော့မှ၊အင်ဂျင်ဝိုင်သွားထည့်ပေးလို့အကောင်းကပတိပြန်ဖြစ်နိုင်ပါ့မလား။အဲဒီအချိန်မှာကားတွန်းတဲ့လူများများခေါ်ပိုက်ဆံတွေပုံပေးပြီးတွန်းနိုးခိုင်းကြည့်တဲ့နည်းပဲရှိပါတော့တယ်။အကောင်းအတိုင်းတော့ဘယ်လိုမှပြန်ရဖို့မလွယ်တောပါဘူး။
ကျွန်တော်ပြောချင်တာက၊တချို့ကင်ဆာသမားတွေဟာ၊ကျွန်တော်ထုတ်ထားတဲ့(Super Antioxidant)နဲ့(Omega 3)တွဲသောက်ရင်များသောအားဖြင့်ကောင်းတဲ့ရလဒ်တွေချက်ခြင်းတွေ့ရတတ်ပါတယ်။ဒီနေရာမှာကင်ဆာဖြစ်ပြီးသားလူတွေကို(Super Antioxidant)တစ်မျိုးတည်းနဲ့ကင်ဆာရောဂါပျောက်ကင်းမယ်လို့လုံးဝမဆိုလိုပါဘူး။အထိုက်အလျှောက်သက်သာနိုင်ပါတယ်။ရောဂါပွားနှုန်းလျှော့နည်းစေနိုင်တယ်။အသက်ရှင်နေရမယ့်သက်တန်းပိုပြီးတိုးနိုင်ပါတယ်။ဆိုလိုတာက(Super Antioxidant)ဟာကင်ဆာရောဂါဖြစ်နေသူကိုအကင်းပျောက်မယ်၊မပျောက်ဘူးဆိုတာကိုအတိအကျကျွန်တော်မပြောနိုင်ပါဘူး။သူစသုံးတဲ့အချိန်စောနေသေးတာနဲ့နောက်ကျသွားပြီဆိုတဲ့အချိန်အပေါ်မှာမူတည်နေပါတယ်။
(ကင်ဆာ)ရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတဲ့အခြေအနေမှာတော့ကျွန်တော်တို့ထုတ်တဲ့(Super Antioxidant)လဲအသက်ကယ်ပေးနိုင်မယ်လို့တော့ကျွန်တော်မထင်ပါဘူး။စမ်းသပ်ကြည့်ချင်ရင်တော့စမ်းကြည့်ပေါ့ဗျာ၊ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့သဘာဝပစ္စည်းပဲ။ကုသိုယ်ကံကကိုယ့်ဖက်မှာရှိနေရင်တော့ပြန်ကောင်းချင်ကောင်းလာမှာပေါ့။ဒါပေမယ့်ကောင်းလာဖို့ရာနှုန်းတော့အလွန်နည်းပါတယ်။
လူတွေကိုသိအောင်ပြောချင်တာက၊(Super Antioxidant)ဆိုတာကင်ဆာရောဂါနဲ့ဆေးရုံပေါ်ရောက်နေပြီးသေရေးရှင်ရေးအသက်လုနေရပြီဆိုတဲ့အခြေအနေမှာ၊အရေးပေါ်အသက်ကယ်ဆေးမျိုးမဟုတ်ပါဘူး။ကင်ဆာရောဂါဖြစ်ပြီးမှစသုံးတဲ့လူတွေအတွက်လဲရောဂါအထိုက်အလျှောက်သက်သာနိုင်ပေမယ့်၊ပျောက်ဖို့အာမ၊မခံနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဆေးကိုထုတ်ပေးထားတာဟာကင်ဆာရောဂါကိုကုသပေးဖို့လုံးဝမဟုတ်ပါဘူး။ရောဂါမဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားနိုင်ဖို့ထုတ်ပေးထားတာပါ။
တစ်ကယ်တော့(Super Antioxidant)ဆိုတာကင်ဆာရောဂါတစ်ခုတည်းကိုကာကွယ်ဖို့ထုတ်ပေးထားတာတော့မဟုတ်ပါဘူး။နှလုံး၊သွေးတိုး၊အဆုတ်၊ကျောက်ကပ်၊အသဲ၊ဆီးချို၊အော်တိုအင်မြူး၊ကင်ဆာအပါအဝင်မရေမတွက်နိုင်သောအမျိုးမျိုးသောနာတာရှည်ရောဂါတွေမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့ထုတ်ထားတာပါ။(Free Radical)အမျိုးမျိုးကဖြစ်လာတဲ့(Oxidative Stress)ကြောင့်ဖြစ်တဲ့(Oxidative Damage)တွေကိုပြန်လည်ပြုပြင်ပေးနိုင်လို့၊(Oxidative Stress)ကြောင့်ဖြစ်တဲ့ရောဂါအားလုံးကိုကာကွယ်ပေးနိုင်ပါတယ်။
ဒါဆိုရင်(Oxidative Stress)ကြောင့်ဖြစ်တဲ့ရောဂါကဘာတွေလဲ၊(Oxidative Stress)နဲ့မဆိုင်တဲ့ရောဂါတွေကဘာတွေလဲလို့မေးစရာရှိလာပါတယ်။အရှင်းဆုံးပြောရရင်၊သေးသေးမွားမွားအယားဖုကလေးကအစပြုလို့ချက်ခြင်းသေနိုင်တဲ့၊နှလုံး၊သွေးတိုး၊လေဖြတ်၊ကင်ဆာရောဂါအထိ၊(Oxidative Stress)နဲ့ကင်းပြီးဖြစ်တာတစ်ခုမှမရှိပါဘူး။ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တိုင်းမှာအသေးအမွားကစလို့အကြီးဆုံးအထိဓါတုဓါတ်ပြုမှု့(Redox Reaction)တွေအားလုံးဟာ(Oxidative Stress)ကိုနေ့စဉ်ဖြစ်ပေါ်နေစေတဲ့ဖြစ်စဉ်တွေကြီးပါပဲ။
(Super Antioxidant)ဆိုတာဘာရောဂါတွေအတွက်အထောက်အကူပြုနိုင်သလဲလို့တိတိကျကျမေးလာရင်အလွန်ဖြေရခက်ပါတယ်။တခါတလေမှာအမည်မသိရောဂါဖြစ်လို့လာမေးရင်၊ဘာဆေးပေးရမှန်းမသိလို့(Super Antioxidant)ပေးလိုက်ရင်သက်သာသွားတာတွေတော်တော်များများတွေ့နေရပါတယ်။(Super Antioxidant)ကဘာကောင်းသလဲဆိုတာအသေးစိတ်သိချင်ရင်သူ့မှာပါဝင်တဲ့ပစ္စည်းတစ်ခုစီကို(NIH)သုတေသနဆိုဒ်မှာသွားရိုက်ထည့်ပြီးရှာကြည့်လိုက်ရင်လဲပျောက်တဲ့ရောဂါတွေအတွက်သုတေသနတွေကထောင်ချီရှိနေပါတယ်။ရောဂါအားလုံးနီးပါးပါပဲ။
ပြီးတော့(Super Antioxidant)ဆိုတာကလဲ၊ကျွန်တော်တို့ရောင်းပေးနေတဲ့ဆေးတွေထဲကဈေးအပေါဆုံးပစ္စည်းတစ်ခုပါပဲ။ဆင်းရဲချမ်းသာမရွေးလူတိုင်းသုံးစွဲနိုင်အောင်ပရဟိတစိတ်ဓါတ်နဲ့အရံှုးခံပြီးရောင်းသင့်တဲ့ဈေးထက်တစ်ဝက်လောက်လျှော့ပြီးရောင်းပေးထားပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာ(COVID)ကြောင့်(USA)မှာကုန်ကြမ်းပစ္စည်းတွေဈေးနှစ်ဆလောက်တက်သွားလို့အဲဒီဈေးနဲ့ရေရှည်တော့မရောင်းပေးနိုင်တော့ပါဘူး။အခုလက်ရှိထုတ်ထားတဲ့၊လက်ထဲမှာရှိနေတဲ့ဆေးတွေကုန်သွားလို့နောက်အသစ်ထုတ်ရမယ်ဆိုရင်တော့ဈေးတက်ချင်တက်မယ်ဆိုတာကြိုတင်ပြောထားပါရစေ။
တတ်နိုင်ရင်(Super Antioxidant)နဲ့(Omega 3)ကိုမရောင်းချင်ဘူး၊လူတိုင်းကိုအလကားလှူချင်တာ။ဒါပေမယ့်ဆေးတွေကဈေးကြီးတော့ကိုယ်လဲမတတ်နိုင်သေးဘူး။ကိုယ့်ကုမ္မဏီကလဲမြတ်တလည့်ရှုံးတလည့်၊လုပ်ငန်းရပ်မသွားအောင်တောင်မနည်းလည်ပါတ်နေရတယ်။ချမ်းသာလို့လုပ်နေတာမှမဟုတ်တာ။အမြတ်ကျန်ဖို့လုပ်နေတာလဲမဟုတ်ပြန်ဘူး။နောင်တချိန်ကြရင်တော့လှူနိုင်လာမှာပါ။
(ကင်ဆာ)ရောဂါနဲ့သေရေးရှင်ရေးအသက်လုနေရပြီဆိုတဲ့အခြေအနေမှာ(Super Antioxidant)နဲ့(Omega 3)တွေကို(High Dose)တိုက်ကြည့်ပါ။မျှော်လင့်ချက်အလွန်နည်းနေပေမယ့်ကံတရားဆိုတာမပြောနိုင်ပါဘူး။ကံကောင်းရင်တော့ဆေးအလုပ်လုပ်ချင်လုပ်နိုင်ပါတယ်။ဒါပေမယ့်အဲဒီအခြေအနေမှာဘာကိုမှကြိုတင်မပြောနိုင်တော့ပါဘူး။
ဒါပေမယ့်(Super Antioxidant)နဲ့(Omega 3)တွေကို(High Dose)ကြိုတင်သောက်ခိုင်းထားမယ်ဆိုရင်တော့ကင်ဆာရောဂါအပါအဝင်၊တခြားရောဂါအမျိုးမျိုးကလဲကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ရောဂါအမျိုးမျိုးကိုကာကွယ်နိုင်ဖို့(Super Antioxidant)ကိုလူတိုင်းတတ်နိုင်အောင်ဈေးအသက်သာဆုံးနဲ့ထုတ်ထားပေးပါတယ်။ကြိုတင်မကာကွယ်ထားပဲနဲ့၊အသည်းအသန်သေလုမျောပါးဖြစ်တော့မှဆရာရေကယ်ပါဆိုရင်၊ဆရာလဲမတတ်နိုင်ဘူး။ဘာဆေးမှလဲမတတ်နိုင်တော့ဘူး။အချိန်လွန်သွားမှတော့သိကြားမင်းတောင်ဆင်းကယ်လို့ရမယ်မထင်ဘူး။နောက်လူတွေအသိတရားနောက်ကျမသွားကြပါစေနှင့်။
အားလုံးအသိတရားတိုး၍မိမိကိုယ်ကိုရောဂါအမျိုးမျိုးမှကာကွယ်နိုင်ကြပါစေ။
Kelvin Albert Power
Shopping Cart