အပိုင်း(၄)(Autoimmune)ရောဂါဖြစ်လာရခြင်း၏အခြေခံအကြောင်းတရားများ။

Source from Kelvin A. Power’s Facebook on January 6, 2020
ဒီအပိုင်း(၄)မှာဖေါ်ပြမယ့်သဘောတရားတစ်ခုဟာ(AUTOIMMUNE)ရောဂါသည်တွေအတွက်အလွန်အရေးကြီးလို့သေချာနားလည်အောင်ဖတ်ကြဖို့တော့လိုအပ်ပါတယ်။ဒီရောဂါဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းအရင်းတွေထဲမှာရေရှည်ယောင်ရမ်းမ့ှု(Chronic Inflammation)ကလဲတခုအပါအဝင်ဖြစ်နေတယ်ဆိုတာကိုအပိုင်း(၃)မှာရေးသားခဲ့ပြီးပါပြီ။ဒီအပိုင်းမှာတော့ရေရှည်ယောင်ရမ်းမ့ှုဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းတရားနှစ်ခုဖြစ်တဲ့(Oxidative Stress)နဲ့(omega 6 to omega 3 ratios)အကြောင်းကိုဆက်ရေးပေးမှာဖြစ်ပါတယ်။
ဒီကနေ့ခေတ်လူအများစုမှာဖြစ်နေကြတဲ့အသဲ၊နှလုံး၊သွေးတိုး၊ဆီးချို၊ကျောက်ကပ်၊အော်တိုအင်မြူး၊ကင်ဆာအစရှိသည့်နာတာရှည်ရောဂါတွေအားလုံးဟာရေရှည်ယောင်ရမ်းမှု့(Chronic Inflammation)ကြောင့်ဖြစ်ရတာဖြစ်ပြီး၊ရေရှည်ယောင်ရမ်းမှု့ကိုဖြစ်ပေါ်စေတဲ့အဓိကတရားခံလက်သည်ကတော့(Oxidative Stress)ပါပဲ။(Oxidative Stress)နဲ့မပါတ်သက်ပဲနဲ့ဖြစ်တဲ့နာတာရှည်ရောဂါဆိုတာမရှိပါဘူး။
အော်တိုအင်မြူး၊ရောဂါတွေကိုဒီခေတ်ဆေးပညာနဲ့ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေကုသပေး၍မပျောက်ကင်းနိုင်လို့၊ဒီရောဂါရဲ့နှိပ်စက်မှု့ဒဏ်ကိုဆရာဝန်၊ဆေးပညာရှင်တွေကိုယ်တိုင်တောင်ခံစားနေကြရပါပြီ။ဒီရောဂါတွေဖြစ်ပေါ်ရလာတဲ့အကြောင်းတရားအမှန်ကို(ဃ၊ဂ၊ဏ၊န)မသိကြလို့ဘယ်လိုမှကုသလို့မပျောက်ကင်းနိုင်ပါဘူး။
ကမ္ဘာပေါ်မှာရှိတဲ့ဆေးပညာရှင်တွေအားလုံးနီးပါးဟာဒီရောဂါအပေါ်မှာအသိမှားကြီးတစ်ခုနဲ့ပြောင်းပြန်သိထားကြပါတယ်။ဒီလိုအမှားကြီးသိထားရင်တော့ရောဂါပျောက်ဖို့ဘယ်လိုမှမဖြစ်နိုင်ပဲ၊ပိုပိုပြီးတော့ဆိုးလာပါလိမ့်မယ်။
(Autoimmune)ရောဂါကိုအားလုံးကဘယ်လိုအမှားသိထားကြသလဲဆိုတော့၊“မိမိရဲ့ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြီးမှားယွင်းတိုက်ခိုက်ဖျက်ဆီးမိတယ်လို့”သိထားကြပါတယ်။ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုလိုက်တော့ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားတယ်၊(Crazy)ဖြစ်သွားတယ်၊(Stupid)ဖြစ်သွားတယ်လို့အဓိပ္ပါယ်ရပါတယ်။
ကျွန်တော်ကလဲ(Oxidative Stress)အကြောင်းမရေးခင်မှာစောစောစီးစီးလူအများနဲ့အငြင်းမပွားချင်သေးလို့၊မပြီးခင်မှာဗမာမမြင်စေနဲ့ဆိုတဲ့အတိုင်း၊အများနည်းတူပဲ၊ဒီရောဂါကိုမိမိရဲ့ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြီးမှားယွင်းတိုက်ခိုက်မိတယ်လို့အရင်တုံးကအလွယ်နည်းနဲ့ပဲလူအများနားလည်အောင်သုံးနုန်းရေးသားခဲ့ဖူးပါတယ်။ဒါပေမဲ့ဒီအချက်ဟာမမှန်ကန်ပါဘူး။
အမှန်က”မိမိရဲ့ခုခံမှု့စနစ်ဟာမဖေါက်ပြန်၊မပျက်စီးသွားပါဘူး၊အကောင်းပကတိပါ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်နေတာဟာလဲမှားယွင်းပြီးတိုက်ခိုက်နေတာမဟုတ်ပါဘူး။တိုက်ခိုက်ဖျက်ဆီးဖို့လိုအပ်တယ်ထင်လို့ကိုတမင်တိုက်ခိုက်ဖျက်ဆီးပြစ်နေတာပါ။”
ဒီလိုအားလုံးနဲ့အမြင်မတူပဲဆန့်ကျင်ဖက်သဘောကိုပြောလိုက်တော့စာဖတ်နေသူတွေနားမလည်တော့ပဲမျက်စိလည်သွားမှာသေချာပါတယ်။ကျွန်တော့်ရဲ့အမြင်ဟာ၊အများနဲ့မတူပဲထူးခြားဆန့်ကျင်နေတဲ့အမြင်မျိုးဖြစ်နေလို့၊ဒီအမြင်ကြောင့်ပဲထူးခြားတဲ့အကျိုးရလဒ်တစ်ခုကိုလူးသားတွေကောင်းကျိုးအတွက်ဖြစ်ပေါ်လာစေနိုင်ပါတော့တယ်။
အရှင်းဆုံးဥပမာပေးရရင်၊မြန်မာစာလုံးအက္ခရာနဲ့(က၊ဂ၊က)ဆိုပြီးတော့စာရွက်တစ်ရွက်ပေါ်မှာအတည့်ကြီးရေးထားပေးတာကို၊စာဖတ်တဲ့လူတွေကစာရွက်ကိုပြောင်းပြန်ကြည့်လိုက်ပြီး၊(ယ၊ပ၊ယ)ဆိုပြီးတော့မှားယွင်းဖတ်လိုက်မိရင်၊စာကြောင်းတစ်ကြောင်းရဲ့မူရင်းအဓိပ္ပါယ်ကိုမရပဲနဲ့တက်တက်စင်အောင်လွဲချော်သွားတတ်ပါတယ်။
ဒီခေတ်ဆေးပညာရှင်တွေအားလုံးက(Autoimmune)ရောဂါအကြောင်းကိုပြောင်းပြန်ကြီးဖတ်နေကြပါတယ်။ဒီရောဂါအကြောင်းကိုကျွန်တော်မြင်နေတာကသူတို့နဲ့လုံးဝမတူပဲတစ်မျိုးတစ်ဖုံထူးခြားကွဲပြားနေပါတော့တယ်။
အော်တိုအင်မြူးရောဂါကိုအားလုံးက၊ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးမှားယွင်းတိုက်ခိုက်ဖျက်ဆီးမိတယ်လို့အဓိပ္ပါယ်ဖွင့်ကြပါတယ်။ကျွန်တော်ကတော့၊အများနဲ့ဆန့်ကျင်ပြီးခုခံမှု့စနစ်ဟာမဖေါက်ပြန်မပျက်စီးသွားပဲအကောင်းပကတိဖြစ်နေပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုလိုအပ်တယ်ထင်လို့ကိုတမင်ရည်ရွယ်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတယ်လို့အဓိပ္ပါယ်ဖွင့်ပါတယ်။
အထက်ပါအဓိပ္ပါယ်နှစ်ခုဟာ(က၊ဂ၊က)နဲ့(ယ၊ပ၊ယ)လိုတစ်ခုနဲ့တစ်ခုအမြင်မတူပဲပြောင်းပြန်ကြီးဆန့်ကျင်နေတာကိုအားလုံးနားလည်သဘောပေါက်ကြမှာပါ။ဒီတော့နောက်တဆင့်မှာဒီရောဂါအကြောင်းကိုနားလည်တာချင်းမတူတော့ကုသပုံတွေ၊ကာကွယ်ပုံတွေဟာလုံးဝကိုဆန့်ကျင်ဖက်ကွဲပြားသွားတာကိုဆက်ပြီးလေ့လာကြည့်ကြပါစို့။
တစ်ကမ္ဘာလုံးက၊ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြီးမှားယွင်းတိုက်ခိုက်ဖျက်ဆီးမိနေတယ်လို့နားလည်ထားတဲ့အတွက်၊ရောဂါရဲ့လက်သည်တရားခံဟာမိမိရဲ့ခုခံမှု့စနစ်သာလျှင်ဖြစ်သွားပါတော့တယ်။ဒီရောဂါရဲ့ရန်သူဟာလဲမိမိရဲ့ခုခံမှု့စနစ်သာလျှင်ဖြစ်သွားပါတော့တယ်။ဆိုလိုတာကဆေးကုသတဲ့အချိန်မှာလဲဒီလိုဖေါက်ပြန်ပျက်စီးသွားတဲ့၊(Crazy)ဖြစ်သွားတဲ့၊(Stupid)ဖြစ်သွားတဲ့မိမိရဲ့ခုခံမှု့စနစ်ကိုသာလျှင်အဓိကပြစ်မှတ်ထားပြီးဖိနှိပ်၊ချိုးနှိမ်၊ဖျက်ဆီးပြစ်ပြီးကုသကြပါတော့တယ်။
လူတွေဟာရောဂါရဲ့အမှန်တကယ်သဘောသဘာဝကိုအမှားကြီးသိထားလိုက်တော့မိမိရဲ့ခုခံမှု့စနစ်ကိုသာလျှင်ပြစ်မှတ်ထားကုသကြတဲ့အတွက်ကုသနည်းဟာလဲတက်တက်စင်အောင်လွဲမှားသွားပြီပေါ့ဗျာ။မိမိရဲ့ခုခံမှု့စနစ်ကိုသာလျှင်ပြစ်မှတ်ထားတိုက်ခိုက်တာဟာ“ဇရက်ကိုဂျိုးထင်၊သမက်ကိုသူခိုးထင်”ဆိုတဲ့ဟာမြန်မာစကားပုံတစ်ခုနဲ့သွားတိုက်ဆိုင်နေပါတော့တယ်။ကုသနည်းလွဲမှားသွားပြီဆိုရင်တော့ရောဂါမပျောက်တဲ့အပြင်အန္တရာယ်တွေပါပိုများလာတော့တာပေါ့။
ဒီလိုမှားယွင်းနေတဲ့အမြင်ကြောင့်၊ဒီခေတ်ဆရာဝန်တွေအများစုဟာမိမိရဲ့ခုခံမှု့စနစ်ကိုချိုးနှိမ်၊ဖျက်ဆီးပြစ်ဖို့(immunosuppressant drugs)တွေနဲ့ကုသကြတော့တာပါပဲ။ခုခံမှု့စနစ်ကိုချိုးနှိမ်ဖျက်ဆီးပြစ်တာဟာရေရှည်မှာဘယ်လောက်ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေဝင်လာမလဲဆိုတာကိုလဲဒီဆေးတွေပေးနေကြတဲ့ဆရာဝန်တိုင်းသိနေကြပါတယ်။ခုခံမှု့စနစ်ကိုချိုးနှိမ်၊ဖျက်ဆီး၊နှိပ်ကွပ်ပြစ်တဲ့အတွက်၊မိမိမှာခုခံမှု့အားနည်းနေတဲ့(immunodeficiency)အခြေအနေဆိုးမျိုးဖြစ်ပေါ်လာနိုင်ပြီးဘေးကနေတခြားကူးစက်ရောဂါအမျိုးမျိုးတွေဝင်ရောက်လာနိုင်ပါတယ်။
(immunodeficiency)အခြေအနေဆိုတာကတော့တခြားမဟုတ်ပါဘူး၊(Human Immunodeficiency Virus)ခေါ်(HIV)ဗိုင်းရပ်ကူးစက်ချင်းခံနေရတဲ့(AIDS)ရောဂါသယ်များကဲ့သို့ခုခံမှု့စနစ်အားနည်းပျက်စီးသွားပြီးဘေးကနေဝင်ရောက်လာတဲ့တခြားသောရောဂါအသစ်တွေရဲ့(ဘေးဝင်ဆိုးကျိုး)တွေကိုလဲရရှိနိုင်ပါတယ်။ဒီအချက်ကိုဒီရောဂါကုသနေကြတဲ့ဆရာဝန်တွေအားလုံးကလဲသိကြပါတယ်။
ဒါပေမဲ့သူတို့ကိုအပြစ်တင်လို့တော့မရပါဘူး၊ဘာကြောင့်လဲဆိုတော့သူတို့မှာလဲတခြားရွေးစရာနည်းလမ်းမှမရှိတော့တာ။မိမိရဲ့ခုခံမှု့စနစ်ကိုချိုးနှိမ်၊ဖျက်ဆီး၊နှိပ်ကွပ်ပြစ်ပြီးကုသခြင်းဟာကမ္ဘာမှာအော်တိုအင်မြူးရောဂါကိုကုသဖို့တရားဝင်သတ်မှတ်ပေးထားတဲ့အဓိကကုသနည်းစံနှုန်း(protocol)တစ်ခုပဲလေ။
ဥပမာပေးရရင်ခွေးတစ်ကောင်ကိုခြုံကွယ်တစ်နေရာကနေကျောက်ခဲနဲ့ပြစ်လိုက်ရင်၊ခွေးကကျောက်ခဲကိုရန်သူထင်ပြီးဒေါသတကြီးနဲ့လိုက်ကိုက်တတ်ပါတယ်။ခြင်္သေ့ကိုကျောက်ခဲနဲ့ခြုံကွယ်တစ်နေရာကနေပြစ်ပြီဆိုရင်တော့ခြင်္သေ့ဟာကျောက်ခဲကိုရန်ငြိုးမထားပဲကျောက်ခဲပြစ်တဲ့ရန်သူအစစ်ကိုသာလျှင်ရှာဖွေတိုက်ခိုက်ဖို့ကျိုးစားပါတော့တယ်။
ဒီသဘောအတိုင်းပါပဲ၊ဆေးပညာရှင်တွေဟာ၊မိမိရဲ့ခုခံမှု့စနစ်ကဖေါက်ပြန်သွားပြီးမိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတိုက်ခိုက်ဖျက်ဆီးနေတယ်လို့လှေနှံဓါးထစ်ယူဆလိုက်ကြပြီး၊တခြားသောအခြေအနေအကြောင်းတရားအသစ်တွေကိုမရှာဖွေမစူးစမ်းတော့ပဲ၊ခုခံမှု့စနစ်ကိုသာရန်သူလိုပြစ်မှတ်ထားပြီးချိုးနှိမ်၊တိုက်ခိုက်၊ဖျက်ဆီးပြစ်နေတာဟာကျောက်ခဲကိုဒေါသတကြီးနဲ့လိုက်ကိုက်နေတဲ့ခွေးနဲ့သွားတူနေသလား၊မတူဘူးလားဆိုတာကိုယ်တော့ကိုယ်တိုင်စဉ်းစားကြည့်ကြပေါ။
ဒီခြင်္သေ့နှင့်ခွေးဥပမာဟာ၊ဘယ်သူ့ကိုမှပုဂ္ဂိုလ်ရေးအရထိခိုက်အောင်တိုက်ခိုက်ဖို့မရည်ရွယ်ပါဘူး။လူသားအားလုံးကိုအကြီးအကျယ်ဒုက္ခပေးနေတဲ့အော်တိုအင်မြူးရောဂါဆိုးအမျိုးမျိုးကနေ၊လူတွေကိုကယ်တင်ကုသပေးနိုင်ဖို့၊လူတွေအားလုံးကောင်းကျိုးအတွက်ရောဂါရဲ့သဘောတရားသဘာဝအမှန်ကိုလူတိုင်းသေသေချာချာနားလည်နိုင်အောင်ကျောက်ခဲကိုလိုက်ကိုက်နေတဲ့ခွေးမိုက်နဲ့ဥပမာပြပြီးရေးသားနေရခြင်းဖြစ်ပါတယ်။
ကျွန်တော့်ရဲ့အများနဲ့မတူတဲ့အယူအဆကတော့၊ခုခံမှု့စနစ်ဟာမဖေါက်ပြန်မပျက်စီးသွားပဲအကောင်းပကတိဖြစ်နေပြီး၊မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလဲလိုအပ်တယ်ထင်လို့ကိုတမင်ရည်ရွယ်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတယ်လို့သေချာနားလည်ထားတော့၊ဒီအော်တိုအင်မြူးရောဂါရဲ့လက်သည်တရားခံအစစ်ဟာမိမိရဲ့ခုခံမှု့စနစ်လုံးဝမဟုတ်ကြောင်း၊မိမိပြစ်မှတ်ထားရမဲ့ရန်သူအစစ်ဟာလဲခုခံမှု့စနစ်လုံးဝမဟုတ်ကြောင်း၊ခုခံမှု့စနစ်ဟာလဲဖေါက်ပြန်ပျက်စီးသွားတာ၊(Crazy)ဖြစ်သွားတာ၊(Stupid)ဖြစ်သွားတာမဟုတ်ပါဘူး။
ခုခံမှု့စနစ်ဟာထူးခြားတဲ့အရေးပေါ်အခြေအနေတစ်ခုခုကြောင့်သာလျှင်မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလိုက်လံပြီးတိုက်ခိုက်ဖျက်ဆီးနေတာပါဆိုပြီးအမှန်အတိုင်းသိမြင်နေတယ်ဆိုတော့၊ဆေးကုသတဲ့အချိန်မှာလဲမိမိရဲ့ခုခံမှု့စနစ်ကိုပြစ်မှတ်ထားချိုးနှိမ်၊ဖျက်ဆီးပြစ်ဖို့မကျိုးစားပဲ၊ဒီလိုဖြစ်လာရတဲ့အခြားသောအခြေအနေအကြောင်းတရားတွေကိုသေချာလေ့လာရှာဖွေဖေါ်ထုတ်ပေးနိုင်ဖို့သုသေသနတွေအကြီးအကျယ်လုပ်ရပါတော့တယ်။
ဒီလိုထူးခြားတဲ့အယူအဆနဲ့ရှာဖွေသုသေသနပြုမှု့တွေကြောင့်ဒီလိုရောဂါသည်တွေအားလုံးအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အဖြေတစ်ခုရရျိလာတော့တာပါပဲ။(Autoimmune)ရောအကြောင်းကိုသေချာသုသေသနပြုပြီးလေ့လာကြည့်လိုက်တဲ့အခါမှာဒီလိုရောဂါသယ်တွေအားလုံးမှာတူညီနေတဲ့အလွန်ထူးခြားတဲ့အချက်တစ်ခုရှိနေကြပါတယ်။
အဲဒါကဘာလဲဆိုတော့မည်သည့်အော်တိုအင်မြူးရောဂါသယ်အမျိုးအစားဖြစ်နေပါစေ၊ဓါတ်ခွဲခန်းမှာသူတို့သွေးတွေနဲ့ဆဲလ်တွေထဲကိုတိုင်းကြည့်လိုက်ရင်(Glutathione, GSH)လို့ခေါ်တဲ့(antioxidant)ဓါတ်ပေါင်းတွေဟာပုံမှန်ထက်အဆမတန်ကိုလျော့နည်းနေပြီးတခြားသော(Oxidative Stress markers)တွေကိုလဲမြောက်များစွာတွေ့နေရတယ်ဆိုတဲ့သုသေသနတွေအမြောက်အများရှိနေပါတယ်။
အထက်ပါအချက်ဟာ(Autoimmune)ရောဂါသယ်တွေအားလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ(Oxidative Stress)တွေအကြီးအကျယ်ကိုဖြစ်ပေါ်နေတယ်ဆိုတာကိုသက်သေခံပေးတဲ့ငြင်းလို့မရနိုင်တဲ့အထောက်အထားတစ်ခုပါပဲ။
မိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ(Oxidative Stress)တွေအကြီးအကျယ်ကိုဖြစ်ပေါ်နေတယ်ဆိုတာဟာ၊ဘာနဲ့သွားပြီးအလားသဏ္ဍန်တူနေသလဲဆိုတော့၊အဖိုးတန်ပစ္စည်းတွေ၊အဖိုးတန်အဝတ်အစားကောင်းတွေထည့်သွင်းသိမ်းဆည်းထားတဲ့ဗီဒိုကြီးတစ်ခုထဲကိုအလွန်သောင်းကျန်းပြီးကိုက်ဖြတ်ဖျက်ဆီးတတ်တဲ့ကြွက်ဆိုးတသိုက်ကိုထည့်သွင်းပေးလိုက်သလိုပါပဲ။မကြာခင်မှာဒီကြွက်ဆိုးတွေကြောင့်မိမိရဲ့အဖိုးတန်အဝတ်အစားကောင်းတွေဘယ်လိုအခြေအနေကိုရောက်သွားစေနိုင်မလဲဆိုတာကိုတော့ကိုယ်တိုင်သာစဉ်းစားကြည့်ကြပါ။
ဒီကြွက်ဆိုးဥပမာအတိုင်းပါပဲ၊မိမိရဲ့ခန္ဓာကိုယ်ထဲမှာလဲ(Free Radical)တွေဖြစ်တဲ့(ROS)တွေသိပ်များလာတဲ့အခါမှာ(Oxidative Stress)တွေဖြစ်ပေါ်လာပါတော့တယ်။ဒီ(Oxidative Stress)တွေကြောင့်မိမိခန္ဓာရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ၊ဆံပင်ဖျားကနေခြေဖျားအထိ၊မထိခိုက်မပျက်စီးနိုင်တဲ့နေရာဆိုတာဟာတစ်နေရာမှကိုမကျန်အောင်နေရာအနှံ့အလုံးစုံကိုထိခိုက်ပျက်စီးစေနိုင်ပါတော့တယ်။
(Oxidative Stress)ကြောင့်ခန္ဓာကိုယ်ဟာ(Free Radical)တွေရဲ့တိုက်ခိုက်ဖျက်ဆီးမှု့ကိုခံရပြီး၊မိမိရဲ့ကလပ်စီးတွေ၊ဆဲလ်တွေ၊တစ်ရူးတွေထဲမှာ(Oxidative Damaged)လို့ခေါ်တဲ့ထိခိုက်ပျက်စီးမှု့တွေဖြစ်ပေါ်နေပြီး၊အဲဒီနေရာမှာတော့ရောင်ရမ်းမှု့(Inflammation)တွေဖြစ်ပေါ်လာရပါတော့တယ်။(Oxidative Stress)ကြောင့်ဆဲလ်တွေထဲမှာရှိနေတဲ့မျိုးရိုးဗီဇ(DNA) တွေရဲ့အတွင်းပိုင်းတွေအထိတောင်တိုက်ခိုက်ဖျက်ဆီးခြင်းခံရပြီးမျိုးရိုးဗီဇအသစ်ထုတ်လုပ်မှုတွေမှားယွင်းပျက်စီးသွားနိုင်သလို၊ဆဲလ်တွေရဲ့အပြင်ဖက်မှာကာရံထားတဲ့(cell membrane)နံရံတွေကိုရော၊ပရိုတိန်း၊အင်ဇိုင်းတွေကိုရော၊(lipid)လို့ခေါ်တဲ့အဆီမော်လီကျူးလေးတွေကိုပါတိုက်ခိုက်ဖျက်ဆီးခံရပြီး၊ပုံမှန်အလုပ်မလုပ်နိုင်တော့လောက်အောင်ဖေါက်ပြန်ပျက်စီးချွတ်ယွင်းသွားစေနိုင်ပါတယ်။
(Oxidative Stress)လို့ခေါ်တဲ့(Free Radical)တွေရဲ့တိုက်ခိုက်မှု့ကြောင့်ပျက်စီးသွားတဲ့တစ်ရူးတွေ၊ဆဲလ်တွေမှာရောင်ရမ်းမှု့တွေဖြစ်ပေါ်လာပြီး၊ထိုဖေါက်ပြန်ပျက်စီးယောင်ရမ်းနေတဲ့ဆဲလ်တွေကိုခုခံမှု့စနစ်ကအချိန်မီတိုက်ခိုက်ဖျက်ဆီးပြစ်နေရပါတယ်။ဒါဟာအထူးအဆန်းမဟုတ်သလိုလုပ်ရပ်အသစ်တစ်ခုလဲမဟုတ်ပါဘူး။ဘာကြောင့်မထူးဆန်းသလဲဆိုတော့ခန္ဓာကိုယ်မှာပျက်စီးချွတ်ယွင်းသွားတဲ့ဆဲလ်တွေအားလုံးကိုတိုက်ခိုက်ဖျက်ဆီးပြစ်ရမှာကခုခံမှု့စနစ်ရဲ့အခြေခံကျလှတဲ့အဓိကတာဝန်တစ်ခုဖြစ်နေလို့ပါပဲ။
တစ်ကယ်လို့သာအဲဒီလိုမှအချိန်မီမဖျက်ဆီးပြစ်နိုင်ဘူးဆိုရင်၊ဒီပုံမှန်မဟုတ်ပဲမျိုးရိုးဗီဇ(DNA)တွေပြောင်းလဲ၊ထိခိုက်ပျက်စီးချွတ်ယွင်းနေတဲ့ဆဲလ်တွေဟာအဆမတန်ပွားများလာနိုင်ပြီးထိန်းသိမ်းလို့မရနိုင်တော့တဲ့အခြေအနေတရပ်ဖြစ်ပေါ်လာကာကင်ဆာရောဂါဖက်ကိုပါရောက်ရှိသွားနိုင်ပါတယ်။ဒီဆဲလ်တွေဟာအလွန်အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုခုခံမှု့စနစ်ကသိထားပြီးသားဖြစ်နေလို့လိုက်လံတိုက်ခိုက်ဖျက်ဆီးနေတာပါ။ဒီအချက်ကအရေးအကြီးဆုံးအဖြေတစ်ခုပါပဲ။
ဒါပေမဲ့ခက်တာက၊ဒီရောဂါသယ်တွေရဲ့တစ်ကိုယ်လုံးမှာ(Oxidative Stress)တွေကအလွန်များနေလို့ဒီလိုချွတ်ယွင်းပျက်စီးသွားတဲ့ဆဲလ်တွေဟာတစ်ခုတလေ၊တစ်နေရာထဲမှာမဟုတ်တော့ပဲ၊တစ်ကိုယ်လုံးမှာနေရာအနှံ့၊များပြားစွာဖြစ်ပေါ်ပြန့်နှံ့နေတာဆိုတော့ခုခံမှုစနစ်ကလဲတစ်ကိုယ်လုံးမှာရှိနေတဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးကိုလိုက်လံတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပါပဲ။
ဥပမာ(SLE)လိုအော်တိုအင်မြူးရောဂါကိုလေ့လာကြည့်လိုက်ရင်၊ဒီသဘောတရားဟာအလွန်ထင်ရှားသိသာစွာတွေ့နေရပါတော့တယ်။(Lupus)လို့ခေါ်တဲ့(SLE)ရောဂါမှာခုခံမှုစနစ်ဟာတစ်ကိုယ်လုံးမှာရှိနေတဲ့အင်္ဂါအစိတ်အပိုင်းအားလုံးက(Oxidative Damaged)ဖြစ်နေတဲ့ဆဲလ်တွေကိုအချိန်မရွေးတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်လို့အန္တရာယ်အလွန်များပါတယ်။
ဒီနေရာမှာသေသေချာချာနားလည်ထားရမှာကခန္ဓာကိုယ်မှာ(Oxidative Stress)တွေသိပ်များနေပြီး၊ဆဲလ်တွေဟာ(Free Radical)တွေရဲ့တိုက်ခိုက်ဖျက်ဆီးမှုကိုခံရကာပျက်စီးပြီး၊ရောင်ကိုင်းမှု့တွေဖြစ်ပေါ်လာပြီဆိုရင်၊အပိုင်း(၃)မှာရေးထားခဲတဲ့အတိုင်း၊စစ်မြေပြင်စစ်အုပ်ချုပ်ရေစနစ်တွေ၊စစ်မိန့်တွေနဲ့အလားသဏ္ဍန်တူတဲ့(NF-kB)လမ်းကြောင်းနဲ့(mTOR)လမ်းကြောင်းဆိုတဲ့အထူးအရေးပေါ်အခြေအနေလမ်းကြောင်းတွေအသက်ဝင်ဖြစ်ပေါ်လာရပါတယ်။
ဒီအထူးအရေးပေါ်အခြေအနေတစ်ရပ်ကြောင့်မိမိရဲ့ခုခံမှု့စနစ်ဟာ၊(Oxidative Stress)ကြောင့်(DNA)တွေမှားယွင်းသွားပြီးဖေါက်ပြန်ပျက်စီးနေတဲ့ဆဲလ်တွေကိုလိုက်လံပြီးတိုက်ခိုက်ဖျက်ဆီးနေတာဟာ၊မှားယွင်းနေတဲ့(Crazy)သို့မဟုတ်(Stupid)လုပ်ရပ်မျိုးတွေတော့လုံးဝမဟုတ်ဘူး။ခန္ဓာကိုယ်ရဲ့လုံခြုံရေးအတွက်လိုအပ်နေတဲ့အရေးပေါ်အခြေအနေတစ်ရပ်ကြောင့်တမင်ကိုရည်ရွယ်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေရတယ်ဆိုတာကိုတော့ဒီရောဂါကိုကုသမယ့်ဆေးပညာရှင်အားလုံးသေချာထည့်တွင်းစဉ်းစားတတ်ဖို့တော့လိုအပ်နေပါတယ်။
နားလည်လွယ်အောင်အကောင်းဆုံးဥပမာတစ်ခုပေးပါမယ်။စစ်တပ်တစ်ခုမှာ၊မိုင်းရှာပေးဖို့၊ရန်သူကိုအနံ့ခံဖမ်းဆီးပေးဖို့စစ်ခွေးတွေအကောင်ပေါင်းရာနဲ့ချီကိုခြံကျယ်ကြီးတစ်ခုထဲမှာမွေးမြူထားတယ်ဆိုကြပါစို့။အဲဒီစစ်ခွေးတွေထဲက၊တစ်ကောင်ဟာအဆိပ်အတောက်တစ်ခုခုကိုစားမိသွားပြီးခွေးရူးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားမယ်ဆိုရင်၊အဲဒီခွေးကိုမွေးမြူထိန်းကြောင်းနေကြတဲ့ရဲဘော်တွေကချက်ချင်းအရေးပေါ်ဘာလုပ်ရမယ်လို့ခင်ဗျားတို့ထင်မြင်ကြပါသလဲ?။ခွေးတစ်ကောင်ရူးနေတာကိုသိရက်နဲ့လက်ပိုက်ကြည့်နေရင်တော့ခွေးခြံတစ်ခြံလုံးကခွေးတွေအားလုံးအကိုက်ခံရပြီးကူးစက်ပျက်စီးသွားနိုင်လို့၊ဒီအရေးပေါ်အခြေအနေမှာလုပ်လို့ရတာဆိုလို့တစ်ခုပဲရှိပါတော့တယ်။
အဲဒါကတော့၊အဲဒီရူးသွားတဲ့ခွေးကိုစစ်သားတွေဝိုင်းပြီးရိုက်သတ်လိုက်ရုံကလွဲလို့တခြားရွေးစရာနည်းလမ်းမရှိတော့ပါဘူး။ဒီခွေးရူးကိုရိုက်သတ်ပြစ်တာကိုတပ်ကအရာရှိတယောက်ယောက်ကသိသွားရင်၊ခွေးရူးကိုရိုက်သတ်လိုက်တဲ့စစ်သားတွေကိုလူမိုက်တွေ၊လူရိုင်းတွေ၊စိတ်ဖေါက်ပြန်သွားတဲ့အရူး၊အမိုက်(Crazy)တွေ(Stupid)တွေလို့စွတ်စွဲပြီးအရေးယူထောင်ချသင့်ပါသလား?။ဒါမှမဟုတ်ဒီခွေးဟာဘာအကြောင်းတရားကြောင့်ရူးသွားရတာလဲ။ဘာများသွားစားမိလို့လဲ၊နောက်ခွေးတွေကိုဒီခွေးလိုထပ်ပြီးမရူးကြရအောင်ဘယ်လိုကာကွယ်ပေးရမလဲဆိုတာကိုအဖြေရှာရမှာမဟုတ်ဘူးလား?။
ဒီဥပမာအတိုင်းပါပဲ၊မိမိရဲ့ဆဲလ်တွေဟာ(Oxidative Stress)တွေကြောင့်တစ်ပိုင်းတစ်စဖေါက်ပြန်ပျက်စီးသွားပြီး၊မျိုးရိုးဗီဇပျက်စီးဖေါက်ပြန်နေတဲ့ဆဲလ်တွေကိုအန္တရာယ်ရှိလာနိုင်လို့လက်ဦးမှုရရှိနိုင်အောင်မိမိရဲ့ခုခံမှု့စနစ်ကတိုက်ခိုက်ဖျက်ဆီးပြစ်နေတာကိုနားမလည်ပဲ၊ခုခံမှု့စနစ်ကိုရန်သူလို့ပြစ်မှတ်ထားပြီး(immunosuppressant drugs)တွေကိုသုံးပြီး၊ဖိနှိပ်၊ချိုးနှိမ်၊ဖျက်ဆီးပြစ်မယ်ဆိုရင်၊ခွေးရူးကိုရိုက်သတ်ကြရကောင်းမလားဆိုပြီးတော့မိမိရဲ့စစ်သားတွေကိုအရေးယူထောင်ချလိုက်တဲ့အရာရှိလူမိုက်နဲ့သွားတူမနေဘူးလား?။
တစ်ကယ်ဆိုရင်မိမိရဲ့စစ်သားတွေကိုအရေးယူထောင်ချပြစ်မဲ့အစား၊ဒီခွေးဘာကြောင့်ရူးရတယ်ဆိုတဲ့အကြောင်းရင်းကိုရှာဖွေပြီး၊နောက်ခွေးတွေထပ်မရူးရအောင်ဘယ်လိုကာကွယ်ပေးရမလဲဆိုတာကိုအလေးပေးစဉ်းစားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီခေတ်ဆေးပညာရှင်တွေဟာမိမိရဲ့ခုခံမှု့စနစ်ကိုဖိနှိပ်၊ချိုးနှိမ်၊ဖျက်ဆီးပြစ်ပြီးအော်တိုအင်မြူးရောဂါကိုကုသနေတာဟာဘာနဲ့သွားတူနေသလဲဆိုတော့၊ကြွက်မနိုင်လို့စပါးကျီကိုမီးနဲ့ရှို့ပြစ်တာနဲ့သွားတူနေပါတယ်။နောက်ဆုံးမှာအဖြေကကြွက်ကိုမီးလောင်မယ်မလောင်ဘူးဆိုတာတော့သေချာမပြောနိုင်ပေမဲ့၊မိမိရဲ့စပါးကျီကြီးပြာကျသွားမှာကတော့အလွန်ကိုသေချာနေပါတယ်။
ကျွန်တော်ကတော့(Oxidative Stress)တွေကြောင့်၊ဆဲလ်တွေ၊တစ်ရူးတွေ၊အင်္ဂါအစိတ်အပိုင်းတွေ၊တစ်ပိုင်းတစ်စပျက်စီးသွားပြီး၊ပျက်စီးနေတာကိုခုခံမှု့စနစ်ကလိုက်ပြီးဖျက်ဆီးနေတယ်ဆိုတာကိုအမှန်အတိုင်းသိထားတော့ကမ္ဘာပေါ်မှာပျောက်အောင်ကုမရနိုင်ဘူး၊ကုရာနတ္တိဆေးမရှိလို့ဆေးပညာရှင်တွေအားလုံးသတ်မှတ်ထားကြတဲ့၊အော်တိုအင်းမြူးရောဂါကိုကုသနိုင်မယ့်အဖြေကိုတစ်ခွန်းတည်းနဲ့ပြောလို့ရသွားပါပြီ။
အဲဒါကတော့လွယ်လွယ်လေးပါ၊(Oxidative Stress)ပပျောက်သွားအောင်၊နောက်ထပ်(Oxidative Damaged)အသစ်တွေထပ်ပြီးဖြစ်မလာနိုင်အောင်တခုခုလုပ်နိုင်မယ်ဆိုရင်ဒီရောဂါပျောက်ကင်းသွားနိုင်ပါတယ်။တစ်ကယ်တော့အညှီရှိလို့သာယင်အုံနေတာပါ။အညှီကိုသန့်ရှင်းအောင်လုပ်လိုက်ရင်၊ယင်လိုက်မောင်းနေစရာမလိုတော့ပဲသူ့ဟာသူယင်တွေထွက်သွားကြပါတယ်။
ဒါပေမဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကျန်နေပါသေးတယ်။အဲဒါကတော့(omega 6 to omega 3 ratio)ဖြစ်ပါတယ်။ဒီနေရာမှာ(omega 6)ဟာရောင်ရမ်းမှု့ကိုဖြစ်ပေါ်စေပြီး၊(omega 3)ကတော့ရောင်ရမ်းမှု့ကိုပပျောက်စေနိုင်လို့၊(omega 6)ကိုနည်းနိုင်သလောက်နည်းအောင်စားသုံးပြီး၊(omega 3)ကိုတော့များနိုင်သလောက်ပိုပြီးစားဖို့လဲအလွန်အရေးကြီးပါသေးတယ်။ဒီအချက်ဟာလဲရောင်ယမ်းမှု့ကိုပပျောက်စေနိုင်လို့အလွန်အထောက်အကူပြုပေးနိုင်ပါတယ်။
လာမယ့်နောက်ဆုံးပ့ိုစ်မှာ(Autoimmune)ရောဂါကိုဘယ်လိုကုသရမယ်။(Oxidative Stress)နဲ့(Inflammation)ကိုဘယ်လိုပျောက်အောင်လုပ်ရမယ်။(Omega6: Omega3)အချိုးကိုဘယ်လိုကောင်းမွန်လာအောင်လုပ်ရမယ်။အစာခြေစနစ်ကိုဘယ်လိုကောင်းအောင်လုပ်ရမယ်ဆိုတာတွေကိုအသေးစိတ်ထပ်ပြီးရေးပေးပါဦးမယ်။အခုတော့ဒီလောက်နဲ့ပဲခေတ္တရပ်နားပါရစေ။
Kelvin Albert Power
References:
Oxidative stress as a potential causal factor for autoimmune hemolytic anemia and systemic lupus erythematosus
Oxidative stress in the pathology and treatment of systemic lupus erythematosus
Free radicals, antioxidants, and functional foods: Impact on human health
Inflammaging and Oxidative Stress in Human Diseases: From Molecular Mechanisms to Novel Treatments
Oxidative stress and its biomarkers in systemic lupus erythematosus
Oxidative stress in the pathology and treatment of systemic lupus erythematosus
—————————————
Shopping Cart