Source from Kelvin A. Power’s Facebook on May 16, 2020
အလုပ်မအားလို့စာမရေးဖြစ်တာတောင်နည်းနည်းကြာသွားပါပြီ။သုတေသနတွေအကြိမ်ကြိမ်လုပ်အကျိုးအကြောင်းတွေကိုဆက်စပ်ပြီးသေချာပြန်လေ့လာကြည့်မယ်ဆိုရင်၊ကူးစက်ရောဂါအမျိုးမျိုးတွေကနေအစပြုလို့၊နာတာရှည်ရောဂါအားလုံးအပါအဝင်၊အရွယ်မတိုင်မှီသေဆုံးနေကြရတဲ့ရောဂါများစွာရဲ့တရားခံဟာရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)ဆိုတာကိုလူတိုင်းနားလည်စေချင်လို့အကြိမ်ကြိမ်ရေးသားပေးခဲ့ပြီးပါပြီ။
—
ရောင်ရမ်းမှု့(Chronic Inflammation)ဖြစ်တယ်ဆိုတဲ့အကျိုးဆက်ဟာတစ်ကယ်တော့ခန္ဓာကိုယ်ရဲ့ခုခံမှု့ (Immune System)ကိုဖရိုဖရဲဖြစ်သွားစေပြီး၊စနစ်တကျပြန်လည်တုံ့ပြန်တတ်မှု့ဟန်ချက်တွေပျက်စီးသွားပြီးပရန်းပတာဖြစ်စေနိုင်တဲ့အခြေအနေတရပ်ဖြစ်နေလို့အလွန်ကြောက်စရာကောင်းပါတယ်။
—
ဥပမာပေးရမယ်ဆိုရင်၊နာတာရှည်ရောဂါအမျိုးအစားတွေဖြစ်ကြတဲ့(Autoimmune disease)တွေဟာမိမိရဲ့ခုခံမှု့စနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလို့ဒုက္ခရောက်ကြရတာပါ။(Autoimmune disease)တွေတင်မကပဲတခြားသောနာတာရှည်ရောဂါတွေလဲ(Inflammation)နဲ့လွတ်တယ်ဆိုတာမရှိပါဘူး။
—
နာတာရှည်ရောဂါတွေမလွတ်ဘူးဆိုတော့၊ကူးစက်တတ်တဲ့ကပ်ရောဂါတစ်မျိုးဖြစ်တဲ့(Corona Virus) ရောဂါကြောင့်သေသွားကြရတဲ့လူတွေရဲ့ရုပ်အလောင်းတွေကိုလေ့လာကြည့်လိုက်ရင်လဲ၊ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအားလုံးနီးပါးကိုရောဂါပိုးကဖျက်ဆီးလိုက်တာကနည်းပြီး၊(Inflammation)ကဖျက်ဆီးပြစ်တာကများနေတာကိုလက်တွေ့လေ့လာတွေ့ရှိနေရပါတယ်။
—
တစ်ကယ်တော့ဘယ်သူမှ(Inflammation)ဖြစ်မနေဘူးဆိုရင်၊အခုဖြစ်နေတဲ့(ကိုဗစ်)ရောဂါဟာဒီလောက်ကြောက်စရာကောင်းပြီးသေပျောက်ထိခိုက်များရမယ့်ရောဂါမျိုးမဟုတ်ပါဘူး။ဒီကပ်ရောဂါဟာတခြားကပ်ရောဂါတွေနဲ့စာရင်အလွန်ပျော့ပြောင်းညင်သာပါတယ်။ဒါပေမယ့်လူတွေကိုဒီလောက်တောင်ဒုက္ခပေးနိုင်တာဟာ၊ဒီခေတ်ကြီးမှာလူတိုင်းနီးပါး(Inflammation)ဖြစ်နေကြလို့ပါပဲ။ဘယ်သူမှ(Inflammation)ဖြစ်မနေဘူးဆိုရင်၊ဒီရောဂါဖြစ်ပြီးပျောက်ကင်းသွားမှန်းဘယ်သူမှတောင်သတိထားမိလိုက်မှာမဟုတ်ပါဘူး။လူတိုင်းနှာစေးချောင်းဆိုးရုံနဲ့ပြီးသွားမယ်ဆိုရင်(Pandemic)ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။
—
(Inflammation)ရဲ့အကျိုးဆက်ကြောင့်ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ဟာပြင်ပကဝင်လာတဲ့ရောဂါပိုးတွေကိုစနစ်တကျကာကွယ်ပေးရမယ့်အစားဖေါက်ပြန်ပျက်စီးသွားပြီးရောဂါပိုးတွေကိုစနစ်တကျပြန်မတုံ့ပြန်၊မကာကွယ်နိုင်တော့ပဲ၊ဖရိုဖရဲ၊ပြစ်စလက်ခပြန်လည်တုံ့ပြန်တဲ့အခါမှာကိုယ့်ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးခြင်းခံကြရပါတော့တယ်။ဒါကြောင့်အသေအပျောက်တွေဖြစ်ကြရတာပါ။
—
ဒါကြောင့်ကိုယ်ကအကောင်းဆုံးအနေနဲ့ရောဂါဖြစ်လို့ဖြစ်မှန်းမသိလိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားတဲ့အထဲလဲပါချင်ပါသွားနိုင်သလို၊အသက်ပါပေးလိုက်ရတဲ့အထဲလဲပါသွားနိုင်တာပါပဲ။ဘယ်ထဲကိုကိုယ်သွားရမယ်ဆိုတာကိုအဆုံးအဖြတ်ပေးမှာကတော့(Virus)ပိုးမဟုတ်သလို၊အစိုးရနဲ့ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေလဲမဟုတ်ပါဘူး။ကိုယ်တိုင်ပဲဆုံးဖြတ်ကြရမှာပါ။ကျန်းမာနေအောင်၊ခုခံအားကောင်းအောင်၊(Inflammation)မဖြစ်အောင်နေထိုင်စားသောက်ကြမယ်ဆိုရင်၊ဒီဗိုင်းရပ်စ်ကခြင်တစ်ကောင်လောက်တောင်ကိုယ့်ကိုဒုက္ခပေးနိုင်မှာမဟုတ်ပါဘူး။
—
ဒီနေ့တော့(Inflammation)ကိုပျောက်ကင်းစေနိုင်ပြီးခုခံမှု့စနစ်ကိုမှန်ကန်ကောင်းမွန်စေနိုင်တဲ့အစွမ်းထက်တဲ့ဓါတ်ပေါင်း(၄)မျိုးထဲကပထမ(၂)မျိုးအကြောင်းကိုရေးပေးပါမယ်။
(1) Curcuminoids
(2) Bioperine
(3) Omega 3
(4) Gamma Linolic Acid (GLA)
—
(Curcuminoids)ဆိုတာအထူးအဆန်းမဟုတ်ပါဘူး။မြန်မာတွေအရင်တုံးကဘိုးဘွားစဉ်ဆက်တသက်လုံးစားသုံးလာကြပြီးအခုကြတော့မှအနောက်တိုင်းဆန်(ဘိုဆန်)ချင်လို့တချို့တွေဖြတ်ပြစ်လိုက်ကြတဲ့ဆနွင်းမှုန့်မှာပါဝင်နေတဲ့ဓါတ်ပေါင်းတစ်မျိုးပါပဲ။မွန်ပြည်နယ်ကလာတဲ့ဆနွင်းမှုန့်စစ်စစ်ဆိုရင်တော့(Curcuminoids)ဓါတ်ပေါင်း( 5%)ရာခိုင်နုန်းလောက်ပါဝင်ပါတယ်။ရန်ကုန်လို၊ဟိုရောဒီရော၊ဆေးအဝါရောင်တွေဆိုး၊နနွင်းမှုန့်မစစ်ဘူးဆိုရင်တော့(2%)လောက်ပဲ(Curcuminoids)ပါဝင်ပါတော့တယ်။
—
(Bioperine)ဆိုတာကလဲတခြားမဟုတ်ပါဘူး။ကိုယ်တိုင်စိုက်ငရုတ်ကောင်းစေ့စစ်စစ်မှာဆိုရင်တော့(Bioperine)ဓါတ်ပေါင်း(5%)ရာခိုင်နုန်းလောက်အထိပါဝင်ပါတယ်။ဟိုရောဒီရော၊သင်္ဘောစေ့ရော၊ငရုတ်ကောင်းမစစ်ဘူးဆိုရင်တော့(2%)လောက်ပဲပါဝင်ပါတော့တယ်။
—
(Curcuminoids)ဆိုတာဟာဆနွင်းမှုန့်မဟုတ်သလို(Bioperine)ဆိုတာကလဲငရုတ်ကောင်းမှုန့်တော့မဟုတ်ကြပါဘူး။သို့သော်၊နွားနို့ထဲမှာမလှိုင်တွေပါနေသလိုမျိုးပဲဆနွင်းမှုန့်နဲ့ငရုတ်ကောင်းမှုန့်တွေထဲမှာအနည်းငယ်လေးပါဝင်နေကြတဲ့ဓါတ်ပေါင်းတွေပါ။ဒါပေမယ့်၊(Curcuminoids)နှင့်(Bioperine)နှစ်မျိုးတွဲမစားလို့ကတော့အကျိုးသိပ်မရှိပါဘူး။တွဲစားမယ်ဆိုရင်တော့တစ်မျိုးခြင်းစီစားတာထက်အဆပေါင်း(၂၀)လောက်သာလွန်ကြောင်းသုတေသနတွေရှိနေပါတယ်။
—
အဲဒီနှစ်မျိုးဟာ(Inflammation)မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး၊ရောဂါအားလုံးနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးကိုတစ်ခုမကျန်အကျိုးပြုနိုင်ပါတယ်။ဒီဓါတ်ပေါင်းနှစ်မျိုးရဲ့ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်ပုံနဲ့ပါတ်သက်တဲ့သုတေသနတွေရာထောင်ချီရှိနေပြီး၊တခုခြင်းရေးပေးနေရင်လဲကုန်မှာမဟုတ်လို့ရေးမပေးတော့ပါဘူး။သိချင်ရင်ကိုယ်တိုင်အင်္ဂလိပ်လို(online)မှာရှာဖတ်ကြပါ။
—
အတိုချုပ်ပြောရရင်၊ဒီနှစ်မျိုးကအကျိုးမပြုတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းဆိုတာခန္ဓာကိုယ်မှာတစ်ခုမှကိုမရှိသလို၊ဒီနှစ်မျိုးမကာကွယ်အထောက်အကူမပြုပေးနိုင်တဲ့ရောဂါဆိုတာလဲတစ်ခုမှကိုမရှိပါဘူး။ဒီနှစ်မျိုးရဲ့ကောင်းကျိုးတွေကိုသုတေသနတွေရှာဖတ်မယ်ဆိုရင်လဲတစ်သက်လုံးရှာဖတ်လို့မကုန်နိုင်ပါဘူး၊လင့်ခ်တွေအားလုံးချပေးမယ်ဆိုရင်လဲဒီ(Post)နဲ့မဆန့်ပါဘူး။
—
(Curcuminoids)နှင့်(Bioperine)ဝယ်သောက်ရမယ်လို့မဆိုလိုပါဘူး။ဘာမှမသောက်တာနဲ့စာရင်၊အိမ်မှာရှိနေတဲ့ဆနွင်းတွေကိုငရုတ်ကောင်းနဲ့ရောပြီးတစ်နေ့ကို(၂)ဇွန်းလောက်တော့အနည်းဆုံးသောက်ဖို့လူတိုင်းလိုအပ်ပါတယ်။ဘာကြောင့်များများသောက်ခိုင်းရသလဲဆိုတော့၊ဆနွင်းနဲ့ငရုတ်ကောင်းတွေထဲမှာ(Curcuminoids)နှင့်(Bioperine)ဟာရာခိုင်နုန်း(2%)ကနေ(5%)ဆိုတော့နည်းနည်းလေးပဲပါဝင်နေပါတယ်။ဒါကြောင့်များများသောက်မှသာအကျိုးသိသိသာသာရရှိနိုင်ပါတယ်။
—
ဖြည့်စွက်စာဝယ်စားမယ်ဆိုရင်တော့ရပါတယ်၊ဒါပေမယ့်အလိမ်ခံထိတတ်ပါတယ်။(Curcuminoids)ဆိုတာဈေးအလွန်ကြီးပြီးဆနွင်းမှုန့်ဆိုတာကတော့ဈေးအလွန်ပေါပါတယ်။ဒါကြောင့်အထူးသတိထားရမှာကအမေရိကန်မှာအရင်းရှင်ကုမ္မဏီတွေအားလုံးနီးပါးဟာဆေးတောင့်တွေထဲကို(Curcuminoids)ဆိုပြီးဆနွင်းမှုန့်တွေထည့်ပြီးရောရောင်းတတ်ကြပါတယ်။
—
မြန်မာစကားမှာအတုအရောင်လုပ်တယ်၊လိမ်ညာရောင်းတယ်ဆိုရင်(ဂျင်းထည့်တယ်)(ဂျင်းထည့်ခံရတယ်)ဆိုပြီးတော့သုံးလေ့သုံးထရှိပါတယ်။ဒီနေရာမှာတော့အဲဒီလိုမသုံးပဲ(ဆနွင်းထည့်တယ်၊ဆနွင်းထည့်ခံရတယ်လို့)ပြောင်းသုံးလို့ရပါတယ်။(Ingredient)တွေရေးထားတဲ့နေရာမှာပညာသားပါပါလိမ်ထားတာတွေများနေလို့ကိုယ်ကသေချာခွဲခြားတတ်အောင်သင်ပေးပါမယ်။
—
1. Turmeric ဆိုတဲ့စာလုံးရေးထားရင်တော့ဆနွင်းမှုန့်သက်သက်ပါပဲ။မိးဖိုချောင်ထဲကဆနွင်းကိုဆေးတောင့်ထဲထည့်ပြီးဈေးကြီးတင်ရောင်းကြတာပါပဲ။လိမ်တာတော့မလိမ်ပါဘူးဆနွင်းမှုန့်ကိုဆနွင်းမှုန့်ဆေးတောင့်ဆိုပြီးတော့အမှန်အတိုင်းပြောရောင်းတာပါပဲ။
—
2. (Turmeric Extract Standardized to contain >95% Curcuminoids)လို့တစ်မျိုးတည်းရေးထားရင်တော့ဆနွင်းမှုန့်ကနေစစ်ထုတ်ယူထားတဲ့(Curcuminoids)အမှုန့်ပြင်းအား(95%) တောင်ပါဝင်တယ်ဆိုတဲ့သဘောပါ။ဆိုလိုတာက(2%)ပဲပြင်းအားရှိတဲ့မိးဖိုချောင်ထဲကဆနွင်းထက်အဆပေါင်း(၄၀)ကျော်အစွမ်းပိုထက်ပါတယ်။
—
(3) နံပါတ်ကတော့အလွန်ပညာသားပါပါတယ်။လိမ်ညာရောင်းတဲ့သဘောပါ။(Turmeric & Turmeric Extract Standardized to contain >95% Curcuminoids)ဆိုရင်တော့ (Turmeric နဲ့ 95%Turmeric Extract)နှစ်မျိုးလုံးကိုပေါင်းစပ်ထားတယ်ဆိုတဲ့သဘောပါ။ဒီနေရာမှာအလိမ်ခံရတာကသိပ်ပညာသားပါပါတယ်။နှစ်မျိုးစပ်ဆိုရင်တစ်မျိုးကိုတစ်ဝက်စီတိတိကျကျပါရမယ်လို့(FDA Regulation)လုံးဝမရှိပါဘူး။ပထမတစ်မျိုးကို(99%)ထည့်ပြီးနောက်တစ်မျိုးကို(1%)ပဲထည့်ထားရင်လဲတရားဝင်နှစ်မျိုးစပ်ဆိုပြီးရောင်းလို့ရပါတယ်။
—
ဥပမာပြောရရင်ကြေးနဲ့ရွှေကိုရောစပ်ပြီး၊သတ္တုလက်ကောက်တစ်ရံလုပ်ရောင်းမယ်ဆိုရင်၊ကြေးတစ်ဝက်၊ရွှေတစ်ဝက်တိတိကျကျပါလိမ့်မယ်လို့ယူဆလို့မရပါဘူး။ကြေးအဆတစ်ရာမှာ၊ရွှေတစ်ဆပါချင်ပါမယ်။ကြေးအဆတစ်သောင်းမှာရွှေတစ်ဆပါချင်ပါမယ်။တိတိကျကျပြောမထားလို့ဘယ်လိုမှမသိနိုင်ပါဘူး။သို့သော်မသိတဲ့လူကရွှေတစ်ဝက်၊ကြေးတစ်ဝက်ဆိုပြီးထင်ယောင်ထင်မှားဖြစ်သွားအောင်လိမ်ချင်လို့ရောင်းသူကဒီလိုစပ်ရောင်းလိုက်တာပါပဲ။ဘယ်ဟာဘယ်လောက်ပါတယ်ဆိုတာကိုတိတိကျကျပြောပြီးနှစ်မျိုးစပ်ရောင်းတယ်ဆိုရင်တော့မလိမ်ပါဘူး။
—
ဆိုလိုတာက(Curcuminoids)ဆေးတောင့်တွေမှာ၊အရင်းရှင်တွေကများသောအားဖြင့်၊ရိုးရိုးမီးဖိုချောင်ဆနွင်းမှုန့်(99%)နဲ့(Curcumonoids)(1%)ထည့်ပြီး၊(Curcumonoids)ဆိုပြီးလိမ်ရောင်းကြတာများပါတယ်။ကိုယ်ကဝယ်မယ်ဆိုရင်ပါဝင်ပစ္စည်းမှာ(Curcumin/Turmeric Extract Standardized to contain >95% Curcumonoids)ဆိုပြီးတစ်မျိုးထဲရေးထားမှဝယ်သင့်ပါတယ်။
—
နှစ်မျိုးစပ်ပြီးလိမ်ရောင်းကြရင်ဘယ်လိုရေးထားလဲဆိုတော့(Turmeric & Curcumin)လို့ရေးချင်ရေးကြပါတယ်။ဒါမှမဟုတ်(Turmeric & Turmeric Extract Standardized to contain >95% Curcumonoids)ဆိုပြီးရေးထားမယ်ဆိုရင်တော့နှစ်မျိုးစပ်ပါ။နှစ်မျိုးစပ်ဆိုရင်ဈေးပေါတဲ့ဆနွင်းမှုန့်(99%)ရာခိုင်နုန်း၊ဈေးကြီးတဲ့(Curcumonoids)ကတော့(1%)ပါပဲ။အဲဒါဂျင်းထည့်ခံလိုက်ရတာ(သို့)ဆနွင်းထည့်ခံလိုက်ရတာပါပဲ။(Turmeric)လို့ပါနေရင်တော့ဘယ်လောက်ပါတယ်တိတိကျကျပြောရပါမယ်။မပြောရင်(လုံးဝ)မဝယ်သင့်ပါဘူး။
—
ဆနွင်းကိုဆေးတောင့်ထဲထည့်ရောင်းတာကို(Curcumonoids)ဆိုပြီးဝယ်သောက်မိမယ်ဆိုရင်တော့ကိုယ်(အ)လို့ကိုယ်ခံလိုက်ရတာပါပဲ။ဆနွင်းကကိုယ့်အိမ်ကမီးဖိုချောင်ထဲမှာအလွန်ပေါတာပါ။အမေရိကန်ကလာတဲ့ဆေးတောင့်ထဲဈေးကြီးပေးပြီးဝယ်သောက်စရာမလိုပါဘူး။။အိမ်ကဆနွင်းတစ်ဇွန်းသောက်ရင်ဆေး(၁၀)လုံးစာရှိနေပါပြီ။
—
တစ်ခုတော့ရှိပါတယ်။(American Best)ကလုပ်တဲ့(Curcumonoids)ဆေးတောင့်မှာတော့ဆနွင်းမှုန့်ရောထည့်မထားပါဘူး။နှစ်မျိုးစပ်မဟုတ်ဘူး။ (Turmeric Extract Standardized to contain >95% Curcuminoids)စစ်စစ်လို့တိတိကျကျရေးထားတယ်။ကျန်တဲ့ကုမ္မဏီတွေတော်တော်များများကတော့လိမ်တာများပါတယ်။အရင်းရှင်ဆိုတာအမြတ်ကျန်ချင်လို့ရောင်းတာလေ၊လိမ်ရောင်းမှပိုကျန်မှာမဟုတ်ဘူးလား။
—
(American Best)ကဆေးတွေဆေးတွေစပ်ရောင်းနေတာမဟုတ်ပါဘူး။ဝယ်နေတဲ့လူနဲ့ကိုမလောက်ဘူးဖြစ်နေတာ၊ စပ်ရောင်းနေစရာလဲမလိုပါဘူး၊ (American Best) ရဲ့(Curcuminoids 95%)ကစစ်လဲစစ်သလို(Omega-3-)လဲအတော်အသင့်ပါဝင်နေပါတယ်။ဆနွင်းမှုန့်လဲ(လုံးဝ)မဟုတ်ပါဘူး။ဒါပေမယ့်ဒီဆေးကိုအကန့်အသတ်အနည်းငယ်လေးပဲထုတ်နိုင်ပြီး၊အကျိုးအမြတ်မယူပဲ၊ဈေးပေါပေါလေးနဲ့ရောင်းပေးနေလို့လူတိုင်းကိုတော့အလုံအလောက်မရောင်းပေးနိုင်သေးပါဘူး။
—
ဘာကြောင့်လဲဆိုတော့(American Best)ကလုပ်တဲ့(Curcumonoids)ဆေးတောင့်ဟာအသက်ကြီးရွယ်အိုတွေ၊ဆနွင်းကိုဇွန်းနဲ့ခပ်သောက်လို့မလွယ်ကူတဲ့သူတွေ၊ဆနွင်းအနံ့မခံနိုင်တဲ့သူတွေ၊နေမကောင်း၊မကျန်းမာတဲ့လူတွေအတွက်အဓိကဦးစားပေးထုတ်ထားတာပါ။ကိုယ်ကမီးဖိုချောင်ထဲကဆနွင်းမှုန့်တစ်နေ့နှစ်ဇွန်းလောက်သောက်နိုင်တယ်၊အဆင်ပြေတယ်ဆိုရင်တော့ဆနွင်းပဲသောက်ပါ။(American Best)ကအကန့်အသတ်နဲ့သာထုတ်လုပ်တဲ့(Curcumonoids)အစစ်ကိုတော့ဆနွင်းတစ်နေ့နှစ်ဇွန်းသောက်ဖို့အဆင်မပြေသူတွေကိုဦးစားပေးလိုက်ကြပါ။
—
ဆိုလိုတာကဒီအချိန်မှာကပ်ရောဂါဆိုးဒဏ်ပြင်းပြင်းထန်ထန်မခံချင်ဘူးဆိုရင်၊လူတိုင်း(တစ်နိုင်ငံလုံး) မီးဖိုချောင်ထဲကဆနွင်းသောက်ကြဖို့အထူးလိုအပ်နေပါတယ်။မယုံလို့မသောက်လဲဂရုမစိုက်ပါ။ကိုယ်ဖြစ်ကိုယ်ခံပါပဲ။(American Best)ကထုတ်လုပ်တဲ့(Curcumonoids)အစစ်ဆိုတာဟာ၊တစ်နိုင်ငံလုံးအတွက်ထုတ်မပေးနိုင်လို့ဝမ်းနည်းပါတယ်။
—
ကိုယ့်ရဲ့လက်ရှိ(Customers)အဟောင်းတွေနဲ့ကိုယ့်ကိုယုံကြည်အားကိုးနေသူတွေကိုပဲဦးစားပေးရောင်းပေးနေပါတယ်။လူတိုင်းအတွက်တော့မရောင်းပေးနိုင်သေးပါဘူး။ဒါပေမယ့်ဘာမှမသောက်တာနဲ့စာရင်မီးဖိုချောင်ထဲကဆနွင်းလဲသောက်လို့ရပါတယ်။စသောက်ကြဖို့ပဲလိုတာပါ။ငရုတ်ကောင်းပါတွဲပြီးသောက်စေချင်ပါတယ်။တတ်နိုင်ရင်ငါးကြီးဆီနဲ့ပါတွဲသောက်ကြပါ။
—
ဒီနေတော့ဒီလောက်ပါပဲ။နောက်နေ့မှာတော့(Inflammation)ကိုနိုင်တဲ့(Omega 3) (ALA, EPA, DHA)တွေအကြောင်းနဲ့အလွန်အစွမ်းထက်တဲ့(Gamma Linolic Acid, GLA)အကြောင်းရေးပေးပါမယ်။(GLA)ဆိုတာအလွန်စွမ်းအားထက်ပါတယ်။ဒါပေမယ့်သူကမီးလိုပါပဲ။သုံးတတ်ရင်အလွန်အကျိုးများသလို၊(Omega 3)နဲ့တွဲမသုံးရင်တော့ရေရှည်မကောင်းပါဘူး။
—
အားလုံးကျန်းမာပြီး၊ဘေးရန်ကင်းရှင်းကြပါစေ။
—
Kelvin Albert Power
–
References: