ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။

Source from Kelvin A. Power’s Facebook on December 18, 2020
ဆေးတွေ၊ဖြည့်စွက်စာတွေရဲ့သက်တမ်းကုန်ဆုံးပျက်စီးနိုင်မှု့နဲ့ပါတ်သက်ပြီးအရေးကြီးတာတစ်ခုပြောချင်ပါတယ်။
ဘယ်ကုမ္မဏီကထုတ်တဲ့ဘာဆေး၊ဘာဖြည့်စွက်စာတွေပဲဖြစ်ဖြစ်၊(Exp Date)တွေအမြဲပါနေသော်လည်း၊တခါတရံမှာ(Date)တွေကုန်ဆုံးသွားပေမယ့်အန္တရာယ်မရှိပဲ(၆)လ၊တစ်နှစ်လောက်အထိဆက်သောက်လို့ရတဲ့အခြေအနေမျိုးရှိနိုင်သလို၊တစ်ခါတစ်ရံမှာ(Date Exp)မဖြစ်သေးပဲနဲ့လဲပျက်စီးသွားပြီးအန္တရာယ်ရှိနိုင်တဲ့အခြေအနေတစ်ရပ်လဲဖြစ်နိုင်ပါတယ်။
ဆိုလိုချင်တာကကိုယ့်ရဲ့ဆေးဘယ်လောက်အထိကြာကြာခံမယ်၊(Exp: Date)မတိုင်ခင်ပျက်စီးသွားနိုင်သလား၊(Exp: Date)ကုန်ဆုံးသွားပြီးနောက်ဆက်ပြီးကောင်းချင်ကောင်းနေနိုင်သလား၊ဆိုတာဟာဆေးပုလင်းမှာရိုက်ထားတဲ့(Exp Date)တစ်ခုတည်းအပေါ်မှာမူတည်နေတာမဟုတ်ပဲကိုယ့်ရဲ့ဂရုတစိုက်သိမ်းဆည်းသိုလှောင်မှု့အပေါ်မှာပါမူတည်နေပါတယ်။
လူတိုင်းနားလည်အောင်ဥပမာတစ်ခုပေးရမယ်ဆိုရင်အခုခေတ်ဟာလူ့သက်တန်း(၈၀)တန်းပဲရှိတဲ့ခေတ်ဆိုပါစို့၊သို့သော်လူ့သက်တန်း(၈၀)ခေတ်မှာလူလာဖြစ်တာခြင်းတူပေမယ့်၊တချိုု့လူတွေဟာ၊အသက်(၉၀)ကျော်(၁၀၀) အထိနေသွားတာရှိသလို၊တစ်ချို့လူတွေဟာအသက်(၃၀)မပြည့်ခင်မှာပဲဆုံးပါးသွားကြတာတွေနေ့စဉ်မြင်တွေ့နေကြရမှာပါ။
ဆိုလိုတာကလူ့သက်တန်း(၈၀)တန်းမှာလူရယ်လို့ဖြစ်လာပြီဆိုတာနဲ့လူတိုင်းလူတိုင်းအလိုလိုနေရင်းနဲ့အသက်(၈၀)နေရမယ်လို့တော့အာမခံချက်မရှိပါဘူး။မိမိရဲ့ကျန်းမာရေး၊မိမိရဲ့အသက်အန္တရာယ်တွေကိုဉာဏ်ပညာနဲ့ဂရုတစိုက်စောင့်ရှောက်တတ်ရင်အသက်(၉၀)ကျော်(၁၀၀)အထိအသက်ရှည်နေနိုင်သလို၊ကိုယ့်ကိုကိုယ်သေချာမစောင့်ရှောက်တတ်ရင်အသက်(၃၀)အောက်မှာလဲသေချင်သေနိုင်ပါတယ်။ဒါကြောင့်ရှေးလူကြီးတွေက(အသက်ကိုဉာဏ်စောင့်တယ်)လို့ပြောကြတာမဟုတ်ဘူးလား?။
လူတစ်ယောက်ဟာအသက်(၃၀)အောက်မှာငယ်ငယ်ရွယ်ရွယ်သေသွားမလား။အသက်(၁၀၀)ကျော်အထိနေမလားဆိုတာကတော့လူ့သက်တမ်းနဲ့(လုံးဝ)ကိုမဆိုင်ပါဘူး။ကိုယ့်ရဲ့ဉာဏ်ရှိမှု့၊ဂရုတစိုက်စောင့်ရှောက်တတ်မှု့အပေါ်မှာပဲမူတည်နေပါတယ်။ကိုယ်အသက်ရှည်ကျန်းမာဖို့ကကိုယ့်မှာပဲတာဝန်(အပြည့်)ရှိနေပါတယ်။ဘယ်ဆရာဝန်တွေ၊ဘယ်ဆေးရုံ၊ဘယ်ဆေးခန်းတွေရဲ့တာဝန်မဟုတ်ဘူးဆိုတာကိုတော့လူတိုင်းကိုကောင်းကောင်းနားလည်ထားစေချင်ပါတယ်။
အလားတူဥပမာတစ်ခုက၊ပုံမှန်အားဖြင့်(၁၀)နှစ်သက်တမ်းရှိတဲ့ကားအသစ်တစ်စီးကိုဝယ်စီးမယ်ဆိုရင်တောင်၊တစ်ယောက်နဲ့တစ်ယောက်ဝယ်စီးတဲ့ကားအမျိုးအစားခြင်းတူနေပေမယ့်တာရှည်ခံတဲ့သက်တမ်းခြင်း(လုံးဝ)ကိုမတူညီနိုင်ပါဘူး။ကိုယ်ကဂရုတစိုက်၊အင်ဂျင်ကိုထိန်းသိမ်းစောင့်ရှောက်မယ်။အင်ဂျင်ဝိုင်၊ဆီ၊ဆီစစ်၊ရေ၊ရေစစ်၊လေ၊လေစစ်တွေကိုအချိန်မှန်လဲပေးမယ်။လမ်းကောင်းမှာညင်ညင်သာသာစည်းကမ်းရှိရှိမောင်းနှင်မယ်ဆိုရင်(၁၀)နှစ်သက်တန်းပဲရှိတဲ့ကားဟာနှစ်(၂၀)အထိလဲကောင်းချင်ကောင်းနေနိုင်တာပါပဲ။
ကိုယ်ကမပြုမပြင်ပဲ၊ပစ်စလက်ခပြစ်ထားမယ်၊ကြမ်းကြမ်းတမ်းတမ်းသုံးမယ်၊စည်းကမ်းမဲ့မဆင်မခြင်လမ်းကြမ်းမှာချိုင့်ခွက်တွေကိုမရှောင်တန်းမောင်းမယ်ဆိုရင်တော့(၁၀)နှစ်သက်တမ်းရှိတဲ့ကားဟာ(၅)နှစ်နဲ့လဲစုတ်ပြတ်သွားနိုင်တာပါပဲ။ကိုယ်ကမဆင်မခြင်မောင်းမယ်ဆိုရင်စဝယ်ဝယ်ခြင်းပထမနေ့တင်မှာပဲလမ်းဘေးကဓါတ်တိုင်ကိုဝင်တိုက်မိပြီးစုတ်ပြတ်ပျက်စီးစွားနိုင်တာပါပဲ။အဲဒါတွေအားလုံးဟာကားထုတ်လုပ်လိုက်တဲ့ကုမ္မဏီနဲ့တော့မဆိုင်ပါဘူး။ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။
ဥပမာပြောရရင်ဆေးပုလင်းတစ်ခုကို(Seal)မဖေါက်၊မဖွင့်ပဲ၊အသစ်အတိုင်းရေခဲသေတ္တာအအေးခန်းမှာသိမ်းထားတယ်ဆိုကြပါစို့။(ရေခဲခန်းကိုမပြောပါ။အအေးခန်းကိုပြောတာပါ။)အဲဒီရေခဲသေတ္တာထဲကဆေးကို(Exp:)ဖြစ်နေတဲ့နေ့မှာမှစပြီးတွေ့လို့ဗူးအသစ်စပြီးဖေါက်လိုက်တယ်ဆိုကြပါစို့။အထဲကဆေးဟာ၊အရောင်၊အနံ့၊အရသာမပြောင်းလဲသေးဘူးဆိုရင်၊ကျွန်တော်ကိုယ်တိုင်နောက်ထပ်ခြောက်လ၊တစ်နှစ်လောက်အထိဆက်သောက်ချင်သောက်ရဲပါတယ်။ဒါပေမယ့်သောက်ပြီးတိုင်းအဖုံးကိုသေချာလေလုံအောင်ပြန်ပိတ်ပြီးအဆိုပါရေခဲသေတ္တာရဲ့ခြောက်သွေ့သောနေရာမှာပဲပြန်ပြန်ပြီးသိမ်းဆည်းထားဖို့တော့အထူးလိုအပ်ပါတယ်။
ဆေးတစ်မျိုးကိုဝယ်လိုက်ပြီဆိုတာနဲ့၊မြန်မာလို(သုံးစွဲပြီးတိုင်းအဖုံးအား၊လေလုံအောင်ပြန်ပိတ်ပါ။လက်ရေစိုဖြင့်မ ကိုင်၊မဖွင့်ပါနှင့်။အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ရေခဲသေတ္တာရှိပါကအောက်ထပ်တွင်သိမ်းထားနိုင်ပါသည်)ဆိုပြီးတော့မြန်မာလိုရေးထားတာရှိသလို၊အင်္ဂလိပ်လိုလဲ(WARNING: Store in a cool, dry place.)ဆိုပြီးသတိပေးချက်တွေရေးထားတာဟာအလကားအပျင်းပြေဖတ်ဖို့ရေးပေးထားတာတွေမဟုတ်ပါဘူး။
မြန်မာလူမျိုးတွေဟာဒီလမ်းညွန်ချက်တွေကိုမလိုက်နာပဲ၊(Exp Date)တစ်ခုတည်းကိုသာအလေးထားပြီးဆေးသုံးစွဲတတ်ကြပါတယ်။တစ်ကယ်ဆိုရင်ဒီလမ်းညွန်ချက်တွေဆိုတာ(Exp Date)ကဲ့သို့အလွန်အရေးကြီးပြီးလိုက်နာရမယ့်အချက်အလက်တွေပါပဲ။
ဖြည့်စွက်စာဆေးတွေရဲ့၊အဓိကအပျက်စီးမှု့အများဆုံးအချက်တွေကတော့၊နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု့၊ရေစိုထိုင်းမှု့၊ရေခိုးရေငွေ့ထိတွေ့ွ့မှု့၊အပူချိန်နဲ့ရေငွေ့ဓါတ်များနေသောလေနှင့်ထိတွေ့ွ့မှု့ပါပဲ။ဒီနေရာမှာဆိုချင်တာကအပူဒဏ်မခံနိုင်ဘူးလို့မဆိုလိုပါဘူး။(original sealed)ပိတ်ထားရင်၊တနည်းအားဖြင့်ပုလင်းအသစ်မဖေါက်ရသေးဘူးဆိုရင်တော်ရုံတန်ရုံအပူဒဏ်လောက်တော့ကောင်းကောင်းခံနိုင်ကြပါတယ်။
ဒါပေမယ့်(အပူချိန်နှင့်အတူစိုထိုင်းမှု့၊ရေခိုးရေငွေ့ရောနှောနေပြီဆိုရင်တော့)ဘယ်ဆေးမှမခံနိုင်တော့ဘဲပျက်စီးသွားစေနိုင်ပါတယ်။ဆိုလိုတာက(sealed)အလုံပိတ်ထားရင်တော်ရုံတန်ရုံအပူချိန်ကိုမကြောက်ပေမယ့်၊(Sealed)ပွင့်နေရင်တော့ရေခိုးရေငွေ့ပါနေတဲ့လေကိုကြောက်ရပါတယ်။ဒါကြောင့်ဆေးပုလင်းအသစ်တွေ(sealed)မဖေါက်ရသေးခင်မှာသာမာန်အခန်းအပူချိန်မှာသိမ်းဆည်းထားလို့ရနိုင်ပေမယ့်။(sealed)ဖေါက်ပြီးသွားပြီဆိုရင်တော့ရေခဲသေတ္တာရဲ့ခြောက်သွေ့သောနေရာတစ်ခုမှာသိမ်းထားပေးစေချင်ပါတယ်။
အမေရိကန်ကလုပ်တဲ့ဆေးတွေဟာမြန်မာပြည်ကလုပ်တဲ့ဆေးတွေလိုတစ်လုံးခြင်းဆေးကပ်ကလေးတွေနဲ့လာကြတာနည်းပြီး။အလုံးပေါင်းရာနဲ့ချီဆေးပုလင်းတစ်ခုတည်းမှာပေါင်းထည့်ထားတတ်ကြတာများပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်လိုနိုင်ငံပြည်နယ်အများစုတွေမှာရာသီဥတုဟာအလွန်အေးမြပါတယ်။အေးမြတဲ့ရာသီဥတုဟာခြောက်သွေ့စေပါတယ်။
အမေရိကန်မှာပူတဲ့ပြည်နယ်တွေအနည်းငယ်တော့ရှိပါတယ်။ဒါပေမယ့်အဲဒီပူတဲ့ပြည်နယ်ကအိမ်တိုင်းဟာ(air con)အမြဲသုံးကြပါတယ်။(air con)ဆိုတာရေငွေ့ကိုစုပ်ထုတ်ပြစ်ပြီးခြောက်သွေ့စေပါတယ်။ဒီအခြေအနေတစ်ရပ်ကို(climate control)လို့လဲခေါ်ပါတယ်။
ဖြည့်စွက်စာဆေးတွေအကြောက်ဆုံးအရာကတော့၊ရေ၊ရေခိုးရေငွေ့နဲ့စိုထိုင်းမှု့ပါပဲ။အေးတဲ့နေရာတွေ(သို့မဟုတ်)( climate control)အမြဲရှိတဲ့နိုင်ငံတွေမှာဆေးတွေဖြည့်စွက်စာတွေကိုရေခဲသေတ္တာထဲမထည့်ပဲအပြင်မှာထားလို့ရပေမယ့်၊မြန်မာပြည်လို၊ပူလဲပူ၊စိုထိုင်းမှု့လဲများ၊အိမ်ထဲမှာလဲ(climate contro)မရှိတဲ့အပူပိုင်းဒေသနိုင်ငံတွေမှာအမေရိကန်လုပ်ဆေးတွေကိုအဖုံး(Sealed)ဖွင့်ထားပြီးအပြင်မှာထားတာဟာလုံးဝကိုမသင့်လျှော်ပါဘူး။နိုင်ငံခြင်း၊အခြေအနေခြင်း၊ရာသီဥတုစိုထိုင်းမှု့ခြင်းမတူလို့အမေရိကန်မှာ(၂)နှစ်လောက်ခံနိုင်တဲ့ဆေးဟာမြန်မာပြည်မှာ(၃)လနဲ့လဲပျက်စီးချင်ပျက်စီးနိုင်ပါတယ်။အခြေအနေအချိန်အခါကိုနားလည်ဖို့တော့အထူးလိုအပ်ပါတယ်။
(sealed)မဖေါက်ရသေးတဲ့ဆေးပုလင်းအသစ်တွေကို၊ရေခဲသေတ္တာထဲမှာမသိမ်းမနေသိမ်းရမယ်လို့မပြောချင်ပေမယ့်၊(sealed)ဖေါက်ပြီးသားဆေးတွေကိုတော့ရေခဲသေတ္တာထဲမှာသေချာသိမ်းထားဖို့အထူးသတိပေးပြောကြားချင်ပါတယ်။ရေခဲသေတ္တာအထဲမှာနေရာရှိလို့သိမ်းထားချင်တယ်ဆိုရင်တော့(sealed)မဖေါက်ရသေးတဲ့ဆေးပုလင်းအသစ်တွေဖြစ်ပေမယ့်သိမ်းထားနိုင်ပါတယ်။
တချိုု့သောအမေရိကန်လုပ်ဆေးတွေဟာယူသောက်ရလွယ်ကူအောင်၊အရစ်လှည့်ပြီးဖွင့်စရာမလိုပဲ၊အဖုံးကိုလက်မနှင့်အပေါ်ကုတ်တွန်းပြီးအလွယ်ဖွင့်လို့ရအောင်လုပ်ထားတဲ့(flip top cap)အဖုံးအမျိုးအစားတွေနဲ့လဲလာတတ်ပါတယ်။အဲဒီအဖုံးအမျိုးအစားနဲ့လာတဲ့ဆေးတွေဟာမြန်မာပြည်လိုစိုထိုင်းတဲ့ရာသီဥတုမျိုးရှိတဲ့တိုင်းပြည်မှာပိုပြီးပျက်စီးဖို့လွယ်ကူလို့၊အထူးဂရုစိုက်ကြဖို့တော့လိုအပ်ပါတယ်။
ကိုယ်သောက်တဲ့ဆေးဆိုတာကိုယ်ကရိုရိုသေသေသိမ်းထားဖို့တော့လိုပါတယ်။ဆေးကိုကိုယ်ကရိုသေတော့မှအဲဒီဆေးကလဲကိုယ့်ကိုပြန်ပြီးကောင်းကျိုးပြုနိုင်မှာပါ။ကိုယ်သောက်ဖို့မဟုတ်ပဲခွေးတွေ၊ကြောင်တွေသောက်ဖို့၊ကိုယ်မွေးထားတဲ့အိမ်မွေးတိရိစ္ဆာန်ကလေးတွေသောက်ဖို့ဆေးတွေတောင်မှကောင်းမွန်အောင်သိမ်းထားသင့်သေးတာ၊ကိုယ်တိုင်သောက်တဲ့ဆေးဆိုရင်တော့အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။
အဆိုးဆုံးနေရာ၊ဆေးတွေကိုမသိမ်းဆည်းသင့်တဲ့နေရာကတော့၊ပန်းကန်ဆေးတဲ့ဘေစင်အနီးမှာ၊ရေသောက်တဲ့သောက်ရေခွက်တွေ၊ပန်းကန်တွေရေဆေးပြီးရေစစ်တဲ့စိုထိုင်းမှု့အများဆုံးနေရာတွေမှာ၊လဖက်ရည်ကော်ဖီဖျော်၊နို့မုန့်ဖျော်သောက်တဲ့၊ရေ၊ရေနွေးတွေမကြာခဏသုံးစွဲရတဲ့နေရာ၊(သို့)ရေနဲ့နီးစပ်တဲ့နေရာတွေမှာ(လုံးဝ)ကိုပြစ်မထားသင့်ပါဘူး။
ရှင်းရှင်းပြောရရင်ထမင်းစား၊စားပွဲပေါ်မှာတောင်မထားသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့သောက်ရေခွက်၊ဟင်းရေပန်းကန်၊ရေနွေးခွက်တွေနဲ့နီးနေရင်ရေငွေ့ဝင်ရောက်ပြီးအချိန်မရွေးပျက်စီးသွားနိုင်ပါတယ်။အထူးသဖြင့်လက်မနှင့်အပေါ်ကုတ်တွန်းပြီးအလွယ်ဖွင့်လို့ရအောင်လုပ်ထားတဲ့(flip top cap)အဖုံးအမျိုးအစားဆေးပုလင်းတွေဆိုရင်ပိုပြီးသတိထားဂရုစိုက်ဖို့လိုအပ်ပါတယ်။
ပြီးတော့နောက်တစ်ခုပြောချင်တာက၊ဆေးတစ်မျိုးကိုကိုယ်ကဝယ်ပြီး၊(Sealed)ဖေါက်သောက်လိုက်တယ်။ပြီးရင်ဆေးကိုတစ်ဝက်လောက်အထိပဲသောက်ပြီးကျန်တာဆက်မသောက်တော့ပဲ၊ပန်းကန်ဆေးတဲ့ဘေစင်အနီး၊ရေခွက်အစိုတွေ၊ပန်းကန်အစိုတွေရေဆေးပြီးရေစစ်ရတဲ့၊စိုထိုင်းမှု့အများဆုံးနေရာမှာ၊လပေါင်းများစွာပြစ်ထားလိုက်တယ်ဆိုပါစို့။
သုံးလ၊ခြောက်လလောက်အကြာမှာသတိရလို့ဖွင့်ကြည့်လိုက်တော့တစ်ပုလင်းလုံးရေတွေဝင်ပြီးမှိုတွေနဲ့ပြည့်နေတယ်ဆိုကြပါစို့။အဲဒီအချိန်ကြမှဆေးထုတ်တဲ့ကုမ္မဏီမကောင်းပါဘူး၊ဆေးအသစ်တွေအစားထိုးပြန်လိုချင်တယ်လို့သွားတောင်းရင်တော့ဘယ်သူကမှအစားပြန်ပေးမယ်လို့ကျွန်တော်မထင်ပါဘူး။
ရှင်းရှင်းလေးပဲပြောပါ့မယ်။အမျိုးအစားတူ၊တစ်ပြိုင်တည်းထုတ်တဲ့ဆေးတစ်မျိုးကိုလူပေါင်းထောင်ချီပြီးဝယ်သုံးကြတဲ့အထဲမှာ၊သူများတွေဝယ်သုံးတဲ့ဆေးတွေတစ်ခုမှမပျက်စီးပဲနဲ့ကိုယ်တစ်ယောက်တည်းပျက်စီးသွားတယ်ဆိုရင်တော့၊ဆေးထုတ်တဲ့ကုမ္မဏီရဲ့တာဝန်မဟုတ်ပါဘူး။ဆေးသုံးနေတဲ့လူတစ်ထောင်မှာကိုယ်တစ်ယောက်ပဲကွက်ဖြစ်တယ်၊ဝယ်ဝယ်ချင်းလဲမဖြစ်ပဲ၊ကိုယ့်လက်ထဲမှာလပေါင်းများစွာကြာတော့ထဖြစ်လာတယ်ဆိုရင်တော့၊ဒါဟာကိုယ့်ရဲ့ပေါ့ဆမှု့သက်သက်ပါပဲ။
ဆိုလိုတာကဝယ်သွားပြီး၊တစ်ပါတ်၊နှစ်ပါတ်အတွင်းလောက်မှာပျက်စီးသွားတယ်ဆိုရင်တောင်ဘာကြောင့်ပျက်စီးသွားတာလဲဆိုတာပြန်လည်သုံးသပ်စုံစမ်းပေးပြီး၊အစားပေးသင့်ရင်ပေးလို့ရနိုင်ပါသေးတယ်။ဝယ်သွားပြီးလပေါင်းများစွာကြာတော့မှရုတ်တရက်ထပြီးပျက်စီးသွားတယ်။သိမ်းဆည်းတဲ့နေရာကလဲရေစိုထိုင်းမှု့အများဆုံးနေရာမှာဆိုရင်တော့ဘယ်သူမှအစားပြန်ပေးမယ်လို့မထင်ပါဘူး။
မှိုတက်တယ်ဆိုတာကလဲတစ်လုံးတစ်လေ၊လောက်မှိုတက်နေတာကိုဆေးသုံးစွဲနေရင်းနဲ့မှိုစတက်လာတာကိုသတိထားမိလိုက်တာဆိုရင်စားသုံးသူကသူ့ဆေးကိုဂရုတစိုက်ထားတယ်ဆိုတာဖြစ်နိုင်ပါသေးတယ်။ဆေးပုလင်းကိုသောက်နေရင်းနဲ့ဆက်မသောက်တော့ပဲ၊လပေါင်းများစွာရေငွေ့ရိုက်ပြီးစိုစွတ်နိုင်တဲ့နေရာမှာပြစ်ထားပြီး၊သတိရလို့သွားဖွင့်ကြည့်လိုက်တော့မှတစ်ပုလင်းလုံးပြည့်နေအောင်မှိုတက်နေတာဟာစိုစွတ်တဲ့နေရာမှာဂရုမစိုက်ပဲပြစ်စလက်ခအကြာကြီးပြစ်ထားတယ်ဆိုတာမြင်သာပါတယ်။ရေငွေ့(လုံးဝ)မဝင်ပဲနဲ့တော့ဘယ်လိုမှအဲဒီလိုမဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့က၊ကိုယ့်ဆေးကိုမချစ်၊ဂရုမစိုက်၊တန်ဖိုးမထားတဲ့လူတွေကိုဆေးတွေရေစိုပျက်စီးသွားရင်အစားပြန်မပေးပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလူတွေဟာနောက်ထပ်အကြိမ်ကြိမ်ဒီလိုထပ်ပြီးပြန်ဖြစ်ဖို့အလားအလာများပါတယ်။ဝယ်သောက်ရတဲ့ဆေးတွေတောင်တန်ဖိုးမထားတာ၊အလကားပြန်ပေးရမယ်ဆိုရင်တော့တန်ဖိုးထားမယ်လို့မမြင်ပါဘူး။
ကိုယ့်ဆေးကိုဂရုမစိုက်၊တန်ဖိုးမထားတဲ့လူတွေကို၊ဆေးတွေပျက်စီးတိုင်း၊ပျက်စီးတိုင်းအသစ်ပြန်ပို့ပေးနေမယ်ဆိုရင်တော့ပစ္စည်းဖြုန်းတည်းနေတာနဲ့အတူတူပါပဲ။ဒီလိုအဖိုးတန်တဲ့ဆေးတွေကိုဖြုန်းတီးနေမယ့်အစားတစ်ကယ်လိုအပ်နေတဲ့လူတွေ၊တန်ဖိုးထားတဲ့လူတွေရဲ့လက်ထဲကိုပဲရောက်စေချင်ပါတယ်။
နောက်တစ်ခုက၊ဆေးတွေရေစိုပျက်စီးတိုင်းဒီလူတွေကိုဆေးအသစ်တွေထပ်ဝယ်စရာမလိုပဲအစားထိုးဆေးပုလင်းတွေအကြိမ်ကြိမ်ပြန်ပို့ပေးမယ်။ဒါပေမယ့်ကိုယ့်ဆေးတွေကိုရိုရိုသေသေတန်ဖိုးထားသိမ်းပြီး၊သောက်သုံးနေကြတဲ့လူတွေကိုကြတော့ဆေးကုန်သွားရင်အကြိမ်ကြိမ်ထပ်ပြီးဝယ်သောက်ရမယ်ဆိုရင်တော့ဘယ်လိုလုပ်ပြီးတရားမျှတမှု့ရှိနိုင်မှာလဲ။
ဒါကြောင့်ရှင်းရှင်းလေးပဲပြောပါမယ်။ဆေးတစ်ခုကိုဝယ်သွားပြီး၊တစ်ဝက်လောက်သောက်၊ရေစိုတဲ့နေရာမှာလပေါင်းများစွာပြစ်ထား၊သတိရတော့မှဖွင့်ကြည့်လို့မှိုတက်ပျက်စီးနေပြီဆိုရင်တော့ကျွန်တော်တို့လုံးဝအစားပြန်မပေးပါ။
နောက်တစ်ခုကလူတွေထောင်ချီပြီးသုံးစွဲနေတဲ့ဆေးတစ်မျိုးဟာတခြားလူတွေဆီမှာဘာမှမဖြစ်ပဲကိုယ်တစ်ယောက်တည်းရဲ့လက်ထဲမှာလပေါင်းအတော်ကြာတော့မှ၊အလိုလိုနေရင်းနဲ့ပျက်စီးသွားတယ်ဆိုရင်တော့၊လူတစ်ထောင်မှတစ်ယောက်တည်းဖြစ်နေလို့ဆေးအပြစ်မဟုတ်၊ကိုယ့်အပြစ်သာလျှင်ဖြစ်ပါသည်။ဒီလိုပေါ့ဆတတ်တဲ့သူတိုင်းကိုကုမ္မဏီကအသစ်ပြန်လဲပေးရမယ်ဆိုရင်တော့တစ်ခြားလူတွေအတွက်တရားမျှတမှု့မရှိနိုင်တော့ပါ။
အဲဒီလိုပြန်လဲလို့ရကြေးဆိုရင်လမ်းထိပ်က(ရွှေအိုး)ဆေးဆိုင်မှာဆေးတစ်ပုလင်းလောက်သွားဝယ်၊တစ်ဝက်လောက်သောက်၊စိုထိုင်းမှု့အများဆုံးနေရာမှာဆေးကိုအဖုံးမလုံတလုံပိတ်ပြီးမှိုတက်အောင်ခြောက်လလောက်ပြစ်ထားလိုက်ပါ။တစ်ပုလင်းလုံးရေစို၊မှိုတက်တဲ့အထိစောင့်ပြီးတော့(ရွှေအိုး)ဆေးဆိုင်ကိုပြန်သွားပေးပြီးအစားတစ်ပုလင်းပြန်တောင်းကြည့်လိုက်ပါ။ဆေးတော့အစားပြန်ရမယ်လို့ကျွန်တော်မထင်ပါဘူး။အရိုက်မခံရင်တောင်ကံကောင်းလှပါပြီ။
အနှစ်ချုပ်ပြောရရင်ကိုယ်ကဆေးကိုတန်ဖိုးထားမှ၊ဆေးကလဲကိုယ့်ကိုပြန်ပြီးအကျိုးပြုနိုင်မှာပါ။ကိုယ်က၊ဘေးလူတွေသွေးထိုးလို့ယုံကြည်မှု့ပျက်စီးသွားပြီးဒီဆေးတွေကိုမယုံကြည်တော့ဘူး၊တန်ဖိုးထားမသောက်တော့ပဲပြစ်ထားလိုက်မယ်ဆိုရင်တော့၊အဲဒီဆေးကသိကြားမင်းပေးတဲ့ဆေးဖြစ်နေပါစေကိုယ့်ကိုကောင်းကျိုးမပြုနိုင်ပါဘူး။
လူ့ခန္ဓာကိုယ်ကျန်းမာဖို့ဆိုတာ၊ဆေးထုတ်သူရဲ့စေတနာတွေလိုအပ်သလိုဆေးသောက်သူရဲ့ယုံကြည်မှု့နဲ့လဲသက်ဆိုင်ပါတယ်။ဆေးဆိုတာ၊ထုတ်လုပ်သူ(သို့)ဆေးပေးသူကလူနာတွေကိုရောဂါပျောက်ကင်းစေချင်တဲ့စေတနာတွေအပြည့်အဝပါနေရပါမယ်။သောက်သုံးတဲ့သူကလဲယုံကြည်မှု့၊တန်ဖိုးထားမှု့ဆိုတာရှိရပါမယ်။
အကြောင်းတစ်ရားနှစ်ခုကိုက်ညီတော့မှမီးခြစ်ဆံနဲ့မီးခြစ်အိမ်ပွတ်တိုက်လိုက်သလိုမီးထတောက်နိုင်တာပါ။မီးခြစ်ဆံတစ်ချောင်းထဲမီးမတောက်နိုင်ပါဘူး။ယုံကြည်မှု့မရှိရင်အစကတည်းကဆေးတွေမဝယ်ပါနှင့်။ဆေးထုတ်သူကဘယ်လောက်ပဲစေတနာနဲ့ကောင်းအောင်ထုတ်ထုတ်၊ကိုယ်က၊ဘေးလူသွေးထိုးလို့ယုံကြည်မှု့ပျက်စီးသွားပြီ၊မယုံကြည်တော့ဘူး၊တန်ဖိုးမထားတော့ဘူးဆိုရင်ဆေးအာနိသင်လဲပျက်ပြယ်တတ်ပါတယ်။
လူ့ခန္ဓာကျန်းမာတယ်၊မကျန်းမာဘူးဆိုတာစေတနာနဲ့ယုံကြည်မှု့အပေါ်မှာအများကြီးမူတည်နေတယ်ဆိုတာသိပ္ပံနည်းကျသက်သေပြလို့ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူ့ခန္ဓာကိုယ်ဟာ(ရေ)(H2O)တွေ(60%)ကျော်လောက်ပါဝင်ဖွဲ့စည်းထားလို့ပါပဲ။
တစ်ကယ်တော့(ရေ)ဆိုတာအလွန်အံသြစရာကောင်းပါတယ်။အလွန်စိတ်ဝင်စားစရာကောင်းတဲ့သဘာဝလွန်သိပ္ပံတွေ့ရှိချက်တစ်ခုက၊ရေဆိုတာမေတ္တာစေတနာတွေကိုနားလည်၊သိတတ်၊မှတ်သားထားတတ်တဲ့(Memory)တွေရှိနေပါတယ်။ဆိုလိုတာကရေမော်လီကျူးလေးတွေဟာ၊စိတ်ကောင်းစေတနာကောင်းတွေ၊ယုံကြည်ကိုးစားမှု့တွေ၊ကျေးဇူးတရားတွေနဲ့ထိတွေ့လိုက်ရင်၊မော်လီကျူးလေးတွေအချင်းချင်းစုပေါင်းတည်ဆောက်ထားတဲ့(Structure)ဟာအလွန်ထူးခြားသပ်ရပ်တဲ့ပုံစံတွေကိုပြောင်းလဲသွားပြီးလူ့ခန္ဓာကိုကောင်းကောင်းအကျိုးပြုနိုင်တယ်ဆိုတဲ့သိပ္ပံပညာတွေ့ရှိထားတာတွေရှိနေပါပြီ။
အဲဒီလိုရေ(H2O)ရဲ့အလွန်စိတ်ဝင်စားစရာကောင်းသဘာဝလွန်ဂုဏ်သတ္တိတွေအကြောင်းကိုအချိန်ရရင်နောက်ပိုင်းမှာဆောင်းပါးလေးတစ်ခုရေးပေးပါဦးမယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Shopping Cart